မနေ့ကပဲအသိတစ်ယောက်ရဲ့တူလေး ဆေးရုံတင်ရတဲ့အကြောင်း ပြောပြ သွားတယ်။ အူအတက်ပေါက်လို့တဲ့လေ ဆေးရုံတင်ရပြီဆိုကတည်း က ကုန်ကျစရိတ်တွေက နိုင်တာထက်ပိုတော့မယ်။ ထိုင်းနိုင်ငံမှာအလုပ် လာလုပ်တဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်အလုပ် သမားမှတ်ပုံတင်ခွင့်ပေးထားတယ်။ ကျန်းမာရေးအာမခံကဒ်ပြားလည်း လုပ်ခွင့်ပေးထားတယ်။ ကျန်းမာရေးအာမခံကဒ်က ၁ နှစ်စာလုံးအတွက်ကို ဘတ်ငွေ ၁၉၀၀ သာပေးရတာပါ။ အဲဒါကို အလုပ်သမားတချို့က မပေးနိုင်ဘူး၊ မလုပ်နိုင်ဘူး၊ ကျန်းမာနေတာပဲ၊ ဘာညာဆိုပြီး ပေါ့ပေါ့ဆဆနေ တတ်ကြတယ်။ မလုပ်ဘူးပေါ့လေ။ တကယ့်တကယ် ကျန်းမာရေးထိခိုက်လာတဲ့အခါကျတော့ ၁၉၀၀ ထက်ပို ကုန်ကျတဲ့ အခြေအနေကို ရောက်လာကြတယ်။
အခုပဲကြည့်လေ အူအတက်ပေါက်တယ်ဆိုရင်တော့ ခွဲစိတ်တာတွေလုပ်ရပြီ။ ကုန်ကျစရိတ်ကတော့အနိမ့်ဆုံး သောင်းဂဏန်းပဲပေါ့။ ဆေးရုံတွေကလည်း မြန်မာဆိုရင် သိတဲ့အတိုင်းပဲ ပိုက်ဆံပေးနိုင်မှ ဂရုစိုက်တာ။ ပိုဆိုး တာက ပိုက်ဆံမပေးနိုင်ရင် နာ့စ်မတွေရဲ့ရိုင်းစိုင်းစွာပြောဆိုခြင်းကိုခံရမယ်။ ခြိမ်းခြောက်ခြင်းလည်း ခံရမယ်။ ကျန်းမာရေးမကောင်းတဲ့ကြား စိတ်ဒုက္ခလည်းရောက်ရတာပေါ့။
အကောင်းဆုံးကတော့ ကျန်းမာရေးအာမခံကဒ်ပြားမလုပ်နိုင်ရင်၊ မလုပ်ချင်ရင်၊ လုပ်ဖို့အမှီရင်တော့ ပိုက်ဆံ စုထားရမယ်။ တကယ်တမ်းကျတော့ ဘတ်ငွေ ၁၉၀၀ ဆိုတာ ဘယ်လောက်မှမများပါဘူး။ ၁ နှစ်စာအတွက် တကယ်ကို တန်ဖိုးရှိပါတယ်။ ကျန်းမာရေးကောင်းလို့ ဒီကဒ်ပြားကိုမသုံးဖြစ်ရင်လည်း ဆေးရုံအတွက် ရံပုံငွေ အဖြစ်လှူတဲ့သဘောပေါ့။ နှစ်တိုင်းလုပ်ထားသင့်ပါတယ်။ ကျန်းမာရေးပြဿနာက လူတိုင်းအတွက်အရေး ကြီးဆုံးဖြစ်ပါတယ်။
