Showing posts with label ဝေငှခြင်း. Show all posts
Showing posts with label ဝေငှခြင်း. Show all posts

Wednesday, January 19, 2011

စေတနာ့အငွေ့

အေးချမ်းတဲ့ဆောင်းရာသီလေးဆီ ကိုယ်တို့အားလုံးခရီးနှင် လာခဲ့ပြန်ပြီတစ်နှစ်။ အေးချမ်းတယ်ဆိုတဲ့အအေးဓါတ်လေး ကို ခဏလောက်တော့ခံစားခွင့်ရခဲ့ပါတယ်။ နွေးထွေးတယ် ဆိုတဲ့အနွေးဓါတ်လေးကိုလည်း ခဏတဖြုတ်ခံစားခွင့်ရခဲ့ပါ တယ်။ စိုစွတ်ခြင်း နှင့် ပူပြင်းခြင်းတို့လည်း တချိန်တည်းမှာ ကိုယ်နဲ့အတူအမြဲရှိခဲ့ပါတယ်။ 

ဒီရာသီမှာ အအေးဓါတ်ကိုမျှော်လင့်ကြသူများရှိသလို၊ အနွေး ဓါတ်ကိုလိုလားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ်တို့အရပ်မှာ သိပ်မအေးပေမယ့် ကိုယ်နဲ့ဝေးတဲ့အရပ်တွေမှာ တွေတော့ အလွန်အမင်းအေးစက်နေတာသိရတော့ ကိုယ်ချင်းစာမိတယ်။ အအေးလွန်ခြင်းဒုက္ခ၊ အပူလွန် ခြင်းဒုက္ခကလည်း လူသားတွေကို နည်းမျိုးစုံနဲ့ ကြုံတွေ့ခံစားစေတာပဲ။

အကောင်းဆုံးကတော့ ဒီရာသီမတိုင်ခင် မိမိတို့ကြုံဆုံရမယ့်ရာသီဥတုဒဏ်တွေအတွက် ကြိုတင်ပြင်ဆင်ထား ရမှာပါပဲ။ လုံလောက်စွာရှိကြသူများကလည်း မရှိသူတွေကိုဝေမျှပေးခြင်းဟာ ဒါနကုသိုလ်တမျိုးပါပဲ။ နှစ်သစ် မှာ ကောင်းတာလေးတွေလုပ်ဖြစ်သွားတာပေါ့။ အနွေးထည်တွေထက် စေတနာထုထည်ကြီးက ပိုမိုနွေးထွေး စေပါတယ်။ 

 ကျမအနေနဲ့တော့ ကလေးငယ်လေးတွေအတွက် ဆောင်းရာသီမှာ အနွေးထည်လေးတွေ အလှူခံပေးပါ တယ်။ စေတနာရှင်တွေကလည်း ကြည်ဖြူစွာပင် အသစ်ဖြစ်စေ၊ အဟောင်းထဲကဖြစ်စေ၊ ဝေမျှပေးကြပါတာ ပဲ။ ပေးကမ်းခြင်းမှာ သစ်သည်၊ ဟောင်းသည်မရှိပါဘူး၊ အဓိကလိုအပ်မှုလေးတွေဖြည့်စွက်ဖို့ပါပဲ။ ဟိုလူ့ပေးမှ၊ ဒီလူ့ပေးမှလည်းမဟုတ်ပါဘူး၊ ကိုယ့်မျက်စိအောက်က တကယ့်တကယ်လိုအပ်နေသူများကို ပေးဖြစ်ဖို့အရေး ကြီးပါတယ်။ 

ဒီလောက်ဆိုရင် ကိုယ်ရောသူပါ နွေးထွေးမှု၊ ကျေနပ်မှုလေးတွေရရှိနိုင်ပါပြီ။       ။


Wednesday, August 25, 2010

အရေးကြီးတာကို သိဖို့လိုတယ်

                                                                                             မနေ့ကပဲအသိတစ်ယောက်ရဲ့တူလေး ဆေးရုံတင်ရတဲ့အကြောင်း ပြောပြ သွားတယ်။ အူအတက်ပေါက်လို့တဲ့လေ ဆေးရုံတင်ရပြီဆိုကတည်း က ကုန်ကျစရိတ်တွေက နိုင်တာထက်ပိုတော့မယ်။ ထိုင်းနိုင်ငံမှာအလုပ် လာလုပ်တဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်အလုပ် သမားမှတ်ပုံတင်ခွင့်ပေးထားတယ်။ ကျန်းမာရေးအာမခံကဒ်ပြားလည်း လုပ်ခွင့်ပေးထားတယ်။ ကျန်းမာရေးအာမခံကဒ်က ၁ နှစ်စာလုံးအတွက်ကို ဘတ်ငွေ ၁၉၀၀ သာပေးရတာပါ။ အဲဒါကို အလုပ်သမားတချို့က မပေးနိုင်ဘူး၊ မလုပ်နိုင်ဘူး၊ ကျန်းမာနေတာပဲ၊ ဘာညာဆိုပြီး ပေါ့ပေါ့ဆဆနေ တတ်ကြတယ်။ မလုပ်ဘူးပေါ့လေ။ တကယ့်တကယ် ကျန်းမာရေးထိခိုက်လာတဲ့အခါကျတော့ ၁၉၀၀ ထက်ပို ကုန်ကျတဲ့ အခြေအနေကို ရောက်လာကြတယ်။ 

အခုပဲကြည့်လေ အူအတက်ပေါက်တယ်ဆိုရင်တော့ ခွဲစိတ်တာတွေလုပ်ရပြီ။ ကုန်ကျစရိတ်ကတော့အနိမ့်ဆုံး သောင်းဂဏန်းပဲပေါ့။ ဆေးရုံတွေကလည်း မြန်မာဆိုရင် သိတဲ့အတိုင်းပဲ ပိုက်ဆံပေးနိုင်မှ ဂရုစိုက်တာ။ ပိုဆိုး တာက ပိုက်ဆံမပေးနိုင်ရင် နာ့စ်မတွေရဲ့ရိုင်းစိုင်းစွာပြောဆိုခြင်းကိုခံရမယ်။ ခြိမ်းခြောက်ခြင်းလည်း ခံရမယ်။ ကျန်းမာရေးမကောင်းတဲ့ကြား စိတ်ဒုက္ခလည်းရောက်ရတာပေါ့။ 

အကောင်းဆုံးကတော့ ကျန်းမာရေးအာမခံကဒ်ပြားမလုပ်နိုင်ရင်၊ မလုပ်ချင်ရင်၊ လုပ်ဖို့အမှီရင်တော့ ပိုက်ဆံ စုထားရမယ်။ တကယ်တမ်းကျတော့ ဘတ်ငွေ ၁၉၀၀ ဆိုတာ ဘယ်လောက်မှမများပါဘူး။ ၁ နှစ်စာအတွက်  တကယ်ကို တန်ဖိုးရှိပါတယ်။ ကျန်းမာရေးကောင်းလို့ ဒီကဒ်ပြားကိုမသုံးဖြစ်ရင်လည်း ဆေးရုံအတွက် ရံပုံငွေ အဖြစ်လှူတဲ့သဘောပေါ့။ နှစ်တိုင်းလုပ်ထားသင့်ပါတယ်။ ကျန်းမာရေးပြဿနာက လူတိုင်းအတွက်အရေး ကြီးဆုံးဖြစ်ပါတယ်။ 

Friday, July 16, 2010

ပျော်ရွှင်တတ်တဲ့ သဘာဝလေး

နံနက်စောစော ကျောင်းသားကြိုပို့ကားကြီး အိမ်ရှေ့ရောက်လာ တာနဲ့ ကလေးတွေရဲ့အသံတွေကို အခန်းထဲထိကြားနေရတယ်။ ကလေးတွေရဲ့အသံဟာ ငိုတာရော၊ ရယ်တာ ရော၊ အော်နေတာရော စုံလို့ပါပဲ။ တချို့ကလေးလေးတွေကျတော့ မနက်အစောကြီးထပြီး ကျောင်းလာရတာ မို့ အိပ်ရေးမ၀တဲ့မျက်နှာလေးနဲ့ သုန်မှုန်ပြီးရောက်လာတာမျိုးလည်းရှိတယ်။ 

တချို့ကလေးတွေကလည်း မိဘတွေအလုပ်ထဲမှာမို့ ကိုယ့်ဖာသာကိုယ် လွယ်အိတ်ဆွဲပြီးကျောင်းကားအမှီလာ ရတာကြောင့် မျက်နှာလည်းမသစ်နိုင်၊ ရေလည်းမချိုးနိုင်၊ အ၀တ်စားလည်းမလဲနိုင်ကြဘူး။ 

ဒါတောင် သူတို့လေးတွေရဲ့ဘ၀မှာ အချိန်မရွေး၊ နေရာမရွေးပျော်ရွှင်နေနိုင်ကြတယ် .... ကျောင်းရောက်ရင် ပို ပျော်ကြတယ် .... သူတို့လေးတွေရဲ့ရယ်သံတွေကို နေ့တိုင်းကြားခွင့်ရခဲ့တယ်။ အထူးသဖြင့် နံနက်စောစောဆို ပိုမိုသာယာနေပါတယ်။ 

"အမေ .... ဒီဘက်မှာလေတိုက်နေတယ် .... အေးလိုက်တာ .... အရမ်းပျော်တာပဲ ဟူး။ ဟေး အရမ်းပျော်တယ် ....." ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့အသံဖြစ်တယ်။ နံနက်စောစောအေးချမ်းခြင်းကို လူကြီးတွေပဲခံစား တတ်ကြတာမဟုတ်ပဲ ... လောကရဲ့သဘာဝတရားကို ရိုးသားစွာခံစားတတ်တဲ့ကလေးငယ်လေးတွေလည်း ခံ စားတတ်နေပါပြီ။

Tuesday, May 25, 2010

နွေအလွန် မိုးအကူး

သိပ်ပူပြင်းလွန်းတဲ့နွေရာသီတစ်ခုကို ကျမတို့ထိုင်းနိုင်ငံအနယ်နယ်၊ အရပ်ရပ်အပါအ၀င် မြန်မာနိုင်ငံတစ်ခုလုံးပါ အလူးအလိမ့်ခံစားခဲ့ကြရပါတယ်။ ဆက်လက်ပြီးတော့လည်း အပူဒဏ်ကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကိုလည်း ခံစားကြရအုံးမှာပဲ။ အလွန်ပူပြင်းတဲ့အချိန်မှာ ရုတ်တရက်မိုးရွာချလိုက်တာနဲ့ ကျမ တို့အလွန်ပျော်သွားမိတယ်။ ဒါပေမယ့် အဲဒါကလည်းအအေးဓါတ်ကို ခဏခေတ္တပဲပေးနိုင်တာဖြစ်ပြီး အပူရှပ်ပြီး နေမကောင်းစားမကောင်းမှုတွေဖြစ်ပေါ်စေပါတယ်။ နောက်ပြီးတော့ မျက်စိနာခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ၀မ်းလျှောဝမ်ပျက်ခြင်း စတဲ့ရောဂါဝေဒနာတွေဖြစ်ပေါ်လာနိုင်တယ်။ ဒီကာ လမှာ အထူးသဖြင့် ကလေးငယ်လေးတွေကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ လူကြီးတွေကိုယ်တိုင်ကလည်း ဆင် ဆင်ခြင်ခြင်နေနိုင်မှ ဝေဒနာမှ သက်သာရာရမှာပါ။

Monday, February 15, 2010

ဆူနာမိ ကြိုတင်ပြင်ဆင်ခြင်း

14.2.2010 ရက်နေ့က ဒေသအတွင်းရှိ ထိုင်းလူထုအတွက်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ကိုယ်စားလှယ် ၄ ဦးအပါအ၀င် သသာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ကိုယ်စားလှယ်တစ်ဦးတို့မှ နောက်တစ်ကြိမ်ထပ် ဖြစ်မည့် ဆူနာမိသဘာဝဘေးအန္တာရာယ်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါ တယ်။ 

အဓိကဆွေးနွေးကြတာကတော့ ပင်လယ်ကမ်းခြေဒေသအတွင်းမှာနေထိုင်လုပ်ကိုင်လျက်ရှိကြတဲ့ ထိုင်းလူထု နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နောက်တစ်ကြိမ်ထပ်ဖြစ်မယ့်ဆူနာမိငလျင်လှိုင်းဒဏ်မှ လွတ် မြောက်အောင် ထိုင်းမြန်မာအတူတကွပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ 

တဆက်တည်းမှာပဲ ဆူနာမိလှိုင်းဟာ ပင်လယ်ကမ်းခြေရွှံ့မြေဒေသမှာပေါက်နေတဲ့သစ်ပင်များကို မတွန်းလှန် နိုင်ဘူးဆိုတာသက်သေရှိခဲ့ဖူးတယ်။ ဒါကြောင့် သစ်ပင်စိုက်ပျိုးရေးစီမံကိန်းကို အခုကတည်း ပင်လယ်ကမ်း ခြေတစ်လျှောက်မှာ စတင်စိုက်ပျိုးကြဖို့ ဒေသခံလူထုကိုအသိပေးနှိုးဆော်လိုက်ပါတယ်၊ အခုလိုမျိုးသစ်ပင် တွေကို စိုက်ပျိုးရခြင်းမှာလည်း ကမ္ဘာကြီးပူနွေးခြင်းဒဏ်ကို ကာကွယ်နိုင်တာဖြစ်ပါတယ်။

နောက်တကြိမ်ဆူနာမိထပ်ဖြစ်မယ်ဆိုတဲ့သတင်းဟာ ထိုင်းနိုင်ငံမိုးလေ၀သဌာန နှင့် သိပ္ပံပညာရှင်များ၏ ကြို တင်လေ့လာတွေ့ရှိချက်အရ မှန်ကန်တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ပင်လယ်ကမ်းခြေဒေသမှာ နေထိုင်ကြတဲ့ လူထုတရပ်လုံးကို ကြိုတင်သတိပေးပြီး လူထုဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထား နိုင်အောင်ဖြစ်ပါတယ်။၂၀၁၀ နှစ်အလယ်ပိုင်းမှာ အိန္ဒိယပင်လယ် ဘယ်အပိုင်းမှာရေအောက်ငလျင်လှုပ်မလဲ ဆိုတာတော့အသေချာမသိပါ။ 

လူထုအနေနဲ့ကြိုတင်ပြင်ဆင်ရန်
၁။ မိမိတို့ မိသားစုဝင်များနှင့် ဆုံမှတ်တခုသတ်မှတ်ထားကြရန်
၂။ အရေးကြီးတဲ့ မိမိတို့ရဲ့စာရွက်စာတမ်းများကို ကျောပိုးအိတ်ထဲအဆင်သင့်လုပ်ထားရန်
၃။ ဓါတ်မီး၊ သောက်ရေ၊ ဆေးဝါး နှင့် လိုအပ်တဲ့ပစ္စည်းများအဆင်သင့်ပြင်ဆင်ထားရန်
၎။ လွတ်မြောက်ရာအရပ် (သို့) သတ်မှတ်ထားတဲ့ဆုံမှတ်တခုကိုသိရှိထားရန်
၅။ ဒေသအတွင်းမှ ရေဒီယို၊ တီဗွီသတင်းများကို အစဉ်မပြတ်လေ့လာရန်
၆။ မိမိတို့ပတ်ဝန်းကျင်အတွင်းရှိ လူထုနှင့်အတူ အမြဲနိုးနိုးကြားကြားဖြစ်နေရန်
၇။ သဘာဝအနေအထားနှင့် တရိစ္ဆာန်များရဲ့အပြုအမူပြောင်းလဲခြင်းများကို ဂရုစိုက်ရန်

ဆူနာမိဖြစ်တဲ့အခါမှာ မိမိအနေနဲ့လွတ်မြောက်ရာအရပ်ကိုအရင်ဆုံးလွတ်အောင်ပြေးပါ၊ အကယ်၍ အခြားလူများကိုကယ်ဆယ်ကူညီချင်ပါက ဒေသခံကယ်ဆယ်ရေးအဖွဲ့မှဝန်ထမ်းများနဲ့ပေါင်းပူးကာ ကူညီနိုင်ပါတယ်။

ကျမရေးသားတင်ပြလိုက်သောအကြောင်းအရာသည် ကျမ၏ကိုယ်ပိုင်ဖန်တီးခြင်းမဟုတ်ပါ၊ ကိုယ်တိုင်အနေ နဲ့ အထက်ပါဆွေးနွေးပွဲကိုတက်ရောက်၍ လေ့လာခဲ့ပြီးမှအခုလို သတင်းဖလှယ်လိုက်ခြင်းဖြစ်ပါတယ်။

Tuesday, January 26, 2010

ပျောက်နေတာကြာပြီ


 ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကျမတစ်ယောက်ပျောက်နေတယ်လို့ လူအတော်များများက ထင်ပါလိမ့်မယ်၊ သိပ်မှန်တာပေါ့  .... ပျောက်နေတာ နဲနဲလေးပျောက်တာမဟုတ်ဘူး၊ တိတ်ဆိတ်စွာကိုပျောက်နေတာ။ ဘယ် တတ်နိုင်မလဲ မမျှော်လင့်တဲ့ကိစ္စတွေပေါ်ပေါက်လာခဲ့တာကိုး  ...။ လောကမှာ မျှော်လင့်တာတွေဖြစ်လာဖို့ဆို တာ ရာခိုင်နှုန်းမပြည့်ပါဘူး။ အခုလည်း သိပ်ရင်းနှီးကြတဲ့သူငယ်ချင်းသူငယ်ချင်းနှင့် မိတ်ဆွေနှစ်ယောက်ဆုံး သွားပြီ။ အဖြစ်အပျက်တွေက ဆက်တိုက်ကြီးဆိုတော့ စိတ်အတော်ထိခိုက်မိခဲ့တယ်။ ဘာမှမလုပ်နိုင်၊ မကိုင် နိုင်ဖြစ်သွားတယ်။ ကျန်ရစ်သူမိသားစုကို သိပ်သနားကိုယ်ချင်းစာမိတယ်။

အင်းလေ  ... သူ့အချိန်တန်ပြီလို့ပဲ သတ်မှတ်လိုက်ပါတယ်။ ကိုယ်လည်းအချိန်တန်ရင် သွားရမှာပဲမဟုတ်လား ဆိုပြီး ကိုယ့်ကိုယ်ကိုရော၊ မိသားစုကိုပါ နှစ်သိမ့်မိခဲ့တယ်။

ဒါနဲ့ နှစ်သစ်ကူးနားရက်တွေမှာ မိဘမောင်နှမတွေဆီကို သွားလည်ခဲ့တယ်။ ကိုယ်နေတဲ့နေရာနဲ့ မိဘတွေနေ တဲ့နေရာဟာ အလွန်ဝေးပါတယ်၊ ကား ၂ ရက်နီးပါးစီးရတယ်ဆိုပါတော့။ မိဘတွေဆီကိုရောက်တော့ စိတ် ပြေလက်ပျောက်ဖြစ်အောင်နေလိုက်တယ်။ နှစ်ပတ်လောက်နေပြီး ပြန်လာတယ်။ အလုပ်ခွင်ထဲပြန်ရောက် တော့ လုပ်စရာတွေအများကြီးတန်းစီပြီးစောင့်နေတာတွေ့ရတယ်။

အဲ ... အခုအားလပ်ချိန်လေးရတုန်း စာလေးငါးလုံးကောက်ရေးဖြစ်တာပဲပေါ့။ အကြောင်းကတော့ ဒါပဲလေ။

Wednesday, December 2, 2009

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့

နိုဝင်ဘာလ ၂၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်း အနားကို ကျမတို့ဒေသမှာ ကျင်းပတဲ့အတွက်ကြောင့် ကျမလည်းသွားရောက်ပါဝင်ခဲ့ပါတယ်။ အခုလိုမျိုး ကျမ တို့ဒေသမှာ အမျိုးသမီးများနဲ့ပတ်သက်ပြီး၊ အခွင့်အရေးအကြောင်း၊ အကြမ်းဖက်မှုပပျောက်ရေး အကြောင်း စတာတွေကို အဖွဲ့အစည်းအသီးသီးမှ အခြေခံလူထုများဖြစ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ပညာပေး နိုင်ခြင်းဟာ မြန်မာအလုပ်သမားများရဲ့ပတ်ဝန်းကျင်မှာ အသိပညာအလွန်ပျံ့ပွားစေပြီး စိတ်ပိုင်းဆိုင်ရာပြောင်း လဲလာခြင်း၊ ကိုယ်ပိုင်းဆိုင်ရာအမူအကျင့်များပြောင်းလဲလာခြင်းကို ကျမတို့တွေ့ကြရမည်ဖြစ်တယ်။


Image and video hosting by TinyPic

Wednesday, October 7, 2009

ကိုယ်နဲ့မတူ အသွင်တမူခြားသူ

လူတစ်ယောက်ကို သူ့ရဲ့ပြင်ပရုပ်လက္ခဏာတခုတည်းကိုကြည့်ပြီး ဒီလူရဲ့အကျင့်စရိုက်ကို မှတ်ချက်ချလို့မရဘူး၊ ပြီးတော့ သူတပါးနဲ့လည်း နှိုင်းယှဉ်လို့မရဘူး။ လူတိုင်းဟာအသွင်တူချင်မှတူမှာပါ။ အကျင့်စရိုက်ချင်းလည်းတူ ချင်မှတူမှာပါ။ အဲဒီလိုမတူကွဲပြားတဲ့ လူတွေကို ဟိုလူနဲ့နှိုင်း၊ ဒီလူနဲ့နှိုင်းလုပ်လို့မရပါဘူး။ လူတိုင်းမှာကွဲပြားခြား နားချက် တွေမရေမတွက်နိုင်အောင် များပြားစွာရှိကြပါတယ်။

တချို့ကမွေးကတည်းကပါလာတဲ့အကျင့်စရိုက်၊ ဒါမှမဟုတ် ထိုလူကြီးလာရတဲ့ပတ်ဝန်ကျင့်၊ မိဘဆွေမျိုးတို့ရဲ့ အသိုင်း အ၀ိုင်းကြောင့် ကြမ်းတမ်းတဲ့စရိုက်ပါလာသလို၊ သိမ့်မွေ့တဲ့စရိုက်လည်းပါလာနိုင်ကြပါတယ်။ အဲဒီလိုမတူ တဲ့စရိုက်ရှိသူတို့ နှိုင်းရင် ဘယ်သူမှကြိုက်မှာမဟုတ်ဘူး။ နောက်တခုကတော့ တူအောင်လည်း လိုက်တုကြမှာ မဟုတ်ဘူး။

အဲဒီထဲမှာ ကျမလည်းပါနေတယ်၊ ပါနေတယ်ဆိုတာကတော့ ကျမဟာ ကြမ်းတမ်းတဲ့စရိုက်ပိုင်ရှင်မဟုတ်ဘူးဆို တာ သေချာနေပါတယ်။ ကျမရဲ့အသွင်ဘယ်သူနဲ့မှမတူနိုင်ဘူး။ ထို့အပြင် သူတပါးနဲ့တူတဲ့စရိုက်မျိုးကိုလည်း ကျမ လိုက်ပြီးအတုယူမှာမဟုတ်ဘူး။ ကျမမှာမွေးရာပါ (ဒါမှမဟုတ်) ကျမကြီးပြင်းလာတဲ့ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း ကပေးလိုက်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့အကျင့်စရိုက်ပါလာပြီးသားပါ။

ကျမကို သူများနဲ့နှိုင်းတဲ့လူကို ကျမသနားနေမိတယ်။ “နင့်လို့မျိုးဆို ထမင်းပါငတ်မယ်”တဲ့၊ ကျမထမင်းငတ်ရ အောင်က အလုပ်မလုပ်တဲ့လူတစ်ယောက်လည်းမဟုတ်၊ အိမ်တကာမှာလိုက်တောင်းစားနေတဲ့လူတစ်ယောက် လည်းမဟုတ်၊ ဒါဆို ဘာလို့ထမင်းငတ်ရမှာလဲ။ အေးတိအေးစက်နေတတ်တာကို အားမလိုအားမရဖြစ်မိကြတယ် ထင်ပါရဲ့။

သေချာတာကတော့ ကျမအနေနဲ့ ကြမ်းတမ်းတဲ့အကျင့်မရှိဘူး၊ စရိုက်လည်းမရဘူး၊ လိုက်လည်းမတုနိုင်ဘူး၊ ဘာ ဖြစ်လို့လည်းဆိုတော့ အခုလိုရှိပြီးသားကိုယ့်ကိုယ်ကျင့်တရားနဲ့ကိုယ့်စရိုက်ဟာ ကိုယ့်လုံလောက်နေပါပြီ။ သိမ်မွေ့ တဲ့လူတယောက်အနေနဲ့ လောကကြီးထဲမှာ သင့်တင့်တဲ့ဘ၀နဲ့နေထိုင်မှုတို့ကိုပိုင်ဆိုင်ထားပြီးသားမို့၊ လူတွေမုန်း လည်းခံနိုင်တယ်၊ ချစ်လည်းခံနိုင်တယ်။

သိမ်မွေ့တဲ့စရိုက်ပိုင်ရှင်ဟာ ကြမ်းတမ်းသူများနဲ့ ဘယ်လိုမှပေါင်းသင်းလို့မရပါဘူး။ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ သာရေးနာရေးကိစ္စကြောင့်ဖြစ်စေ၊ ဆက်ဆံရမယ်ဆိုပါက ထိုသူတို့မှာ ခဏခေတ္တသာ ဆက်ဆံပေါင်းသင်းကြမှာ ပါ။ သူနဲ့ကိုယ်နဲ့အသွင်မတူတော့ ဘယ်လိုမှလမ်းတစ်ကြောင်းတည်းကို လက်တွဲပြီးအတူလျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။

ကြမ်းတမ်းတဲ့စရိုက်ပိုင်ရှင်ကလည်း ထိုနည်းတူစွာပါပဲ။ အေးဆေးနေသူတို့ အားမလိုအားမရဖြစ်နေမှာပဲ။ “နင့်လို အေးတိအေးစက်နဲ့တော့ ထမင်းငတ်လိမ့်မယ်”လို့ပြောမှာပဲ။ နေရာတခါမှာ လျှာကြမ်းအာကြမ်းနဲ့ပြောတတ်ဆို တတ်သူဟာ ဘယ်လိုမှသိမ်မွေ့တဲ့နည်းနဲ့ ပြောဆိုတတ်မှာမဟုတ်ဘူး။ သူလည်းသူ့အကျင့်၊ သူ့စရိုက်နဲ့ နေ့ဓဒူဝ ကျင့်ကြံနေထိုင် အသက်ရှင်နေတာပဲ။

ကြိုးစားလျက်
Image and video hosting by TinyPic


Monday, September 28, 2009

မူကြိုကလေးများ


သူငယ်ချင်းတို့ရေ
ကျမပျောက်နေခဲ့တာကြနေပြီ။ အလုပ်တွေနဲနဲများနေလို့ ပါ၊ အဓိကကတော့ ရုံးအောက်ထပ်က မူကြိုကလေးများနဲ့ မြူးနေရင်း ပို့စ်အသစ်လေးများတင်ဖို့ မအားမလပ်ဖြစ်ခဲ့ရ တယ်။

ဓါတ်ပုံလေးကိုကြည့်လိုက်ပါ၊ ကလေးငယ်လေးတွေ နေ့ လည်စာမစားမီ အလှူရှင်များအတွက် ဆုတောင်းမေတ္တာ ပို့နေကြတာလေ။ ဘယ်လောက်ချစ်စရာကောင်းလဲ၊ ဒီကလေးလေးတွေဟာ အသက် ၂ နှစ်ကျော်နဲ့ ၄ နှစ်ကျော် တွေဖြစ်တယ်၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားများဖြစ်ကြတဲ့ ထားဝယ်၊ မွန်၊ မြိတ်၊ မြန်မာ၊ ပြီး တော့ ကုလား ကလေးများဖြစ်ကြတယ်။

လူမျိုးစုခြင်းမတူကြပေမယ့်လည်း ကလေးဆိုတဲ့သဘာဝအတိုင်း (ကလေးဟာကလေးပဲ)၊ အတူနေ၊ အတူစား၊ အတူကစား၊ အတူအိပ်၊ အတူသွား၊ အတူလာ၊ အတူတူပင် ပညာသင်နေကြတယ်။ နောက်တစ်ခုကတော့ ဆိုးတဲ့ နေရာမှာလည်း ကလေးသဘာဝအတိုင်း ဆိုးခြင်းပင်တူနေကြတယ်။

သူတို့လေးတွေရဲ့မိဘတွေကတော့ ပန်းရံ (ဆောက်လုပ်ရေး)သမား၊ ရာဘာခြံသမား၊ တံငါသည်များဖြစ်ကြတယ်၊ မိဘတွေ နေ့ဘက်အလုပ်သွားရင် ကလေးတွေကို မူကြိုမှာလာအပ်ထားကြတယ်၊ ညနေပိုင်း ကလေးတွေအိမ်တဲ့ အချိန်ဆိုရင် မိဘတွေကလည်း အိမ်ပြန်ခါနီးတဲ့အချိန်တွေဖြစ်နေပါပြီ၊

ကလေးလေးတွေဟာ သနားတွေသိပ်ကောင်းပါတယ်။ မနက်အစောကြီးကတည်းက အိပ်ထပြီး ကျောင်းသား အကြိုပို့ကားနဲ့ ကျောင်းလိုက်လာရတယ်၊ ကျောင်းနဲ့အိမ်ကလည်းအဝေးကြီးပဲ၊ မိဘတွေကလည်း အလုပ်ဆင်းရ မှာမို့ ကျောင်းလိုက်မပို့နိုင်ကြဘူး၊

တချို့ကလေးတွေဆိုရင် မျက်နှာတောင်မသစ်ရသေးပဲနဲ့ ကျောင်းကားအမှီလိုက်လာတာလည်းရှိတယ်၊ တချို့ ကလေးတွေကလည်း မိဘနဲ့မခွဲနိုင်လို့ တလမ်းလုံးငိုယိုလာတာလည်းရှိတယ်၊ စုံနေတော့တာပဲ။

ဒါပေမယ့် ကျောင်းရောက်ရင်တော့ သူတို့တွေဟာ အလိုလိုပျော်သွားကြတယ်၊ ကလေးအရွယ်တူတွေချည်းပဲမို့ လို့ ပျော်မှာပေါ့။ ပြီးတော့ ကလေးဆိုတာ ဘာအပူပင်သောကမှ ရှိတာမဟုတ်ဘူးလေ၊

Image and video hosting by TinyPic

Tuesday, September 8, 2009

Photo effect

သူငယ်ချင်းတို့ရေ ဓါတ်ပုံစတိုင်လှလှလေးတွေပြုလုပ်ချင်ရင် အောက်ကလင့်ခ်လေးကိုကလိလိုက်ပါကွယ်။
ဒီနေရာမှာ
ဒီနေရာမှာ
ဒီနေရာမှာ

Image and video hosting by TinyPic

Monday, September 7, 2009

လက်မှတ်လေးတွေလုပ်ချင်ရင်

မင်္ဂလာပါ သူငယ်ချင်းတို့ရေ့ 
ဘာမှတော့မဟုတ်ပါဘူး၊ လင့်ခ်လေးတစ်ခု ဝေငှပေးချင်လို့ပါ။ အဲဒါကတော့ ပို့စ်လေးတွေရဲ့စာမျက်နှာအအောက် ဆုံးကိုကြည့်လိုက် ဘလော့ဂ်ပိုင်ရှင်ရဲ့ လက်မှတ်လေးတွေ့ရပါမယ်။ အဲဒါလေးကို တစ်ချိန်တုန်းက ကိုယ်ကိုတိုင်က လည်း လိုချင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိလို့ အတော်လေးလေ့လာခဲ့ရတယ်။ အခုတော့ သိပြီ။ ဒါ ကြောင့် တချို့မသိသေးတဲ့သူငယ်ချင်းများအတွက် အလွယ်ရယူနိုင်အောင် လင့်ခ်ပေးထားတာပါ။
ဒီနေရာမှာ
Image and video hosting by TinyPic