Showing posts with label ရသစာများ. Show all posts
Showing posts with label ရသစာများ. Show all posts

Monday, March 22, 2010

ရှေ့ဆက်ရမယ့်ဘ၀ခရီး

လူ့လောကအလည်မှာ လူရယ်လို့ဖြစ်လာကတည်းက ဘ၀တစ်ခုကိုအထူးပိုင်ဆိုင်ခွင့်ရလိုက်ပြီ။ အဲဒီဘ၀တစ် ခုထဲမှ ဘ၀ပေါင်းများစွာကိုလည်း ဆက်လက်ပြီးပိုင်ဆိုင်ခွင့်ရရှိခဲ့ပြန်တယ်။ ကလေးဘ၀၊ ကျောင်းသားဘ၀၊ လူငယ်ဘ၀၊ ဆယ်ကျော်အသက်အရွယ်ဘ၀၊ အပျို၊ လူပျိုဘ၀၊ ပညာတတ်ဘ၀၊ ပညာမဲ့ဘ၀၊ အလုပ်ကြမ်းသ မားဘ၀၊ သူဌေးဘ၀၊ ဆင်းရဲသားဘ၀၊ မိဘဖြစ်ရတဲ့ဘ၀၊ အဘိုး၊ အဘွားဖြစ်ရတဲ့ဘ၀၊ အစ်မ၊ အစ်ကိုဖြစ်ရတဲ့ ဘ၀၊ ဦးလေး၊ ဒေါ်လေးဖြစ်ရတဲ့ဘ၀ နာရ၊ အိုရ စတဲ့ဘ၀ပေါင်းများစွာတို့ကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်ခဲ့ ကြရပါတယ်။ 

အထူးသဖြင့်အလုပ်သမားဘ၀ဟာ အလွန်ပင်ရှည်လျားလှတဲ့ဘ၀ခရီးကြီးတစ်ခုပင်ဖြစ်တယ်။ အလုပ်ဆိုတဲ့ မည်သည်မှာ တစ်ခုတည်းနဲ့ဘ၀ဆုံးသည့်တိုင်လုပ်ကိုင်သွားရရင်တော့ အဆင်ပြေသား။ သို့သော်အချို့သော လူတွေအတွက်ကတော့ ငြီးငွေ့စရာဖြစ်တယ်။ အဆင်မပြေတဲ့လူတွေအတွက်ကတော့ အလုပ်တွေအမျိုးမျိုး ပြောင်းကြရပါတယ်။ အလုပ်အတွင်း ဘယ်သူဘယ်ဝါနဲ့အဆင်မပြေတာရယ်၊ အလုပ်ပင်ပန်းလို့မလုပ်နိုင်တာ ရယ်၊ အလုပ်ရှင်မကောင်းလို့ ဆက်မလုပ်တော့တာရယ်၊ ကိုယ်ကမသေချာလို့ အလုပ်ထုတ်ခံလိုက်ရတာရယ်၊ အလုပ်လုပ်ခနည်းလို့ များများရတဲ့နေရာမှာရွေးလုပ်ချင်တာရယ်နဲ့ အလုပ်သမားဘ၀ဟာ အတည်တကျမရှိ ပြောင်းရွှေ့လို့မပြီးဆုံးနိုင်ဘူး။ ဒီကြားထဲ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်းများစွာတို့နဲ့ကြုံတွေ့ကြရ သေးတယ်။

 အဲဒီဒုက္ခဆင်းရဲများလှတဲ့ဘ၀များကို လောကလူသားတိုင်းတွေ့ဆုံရမြဲဖြစ်ပါတယ်။ လူ့ဘ၀ဖြစ်ရတဲ့တစ်ခဏ တာမှာ များပြားလှတဲ့ဒုက္ခတို့ကို ရင်ဆိုင်ကျော်ဖြတ်ကြရတာ လူသားများနဲ့သတ္တ၀ါအပေါင်းတို့အတွက် အစွမ်း သတ္တိတစ်မျိုးပဲမဟုတ်လား။ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ဘ၀မျိုးဖြစ်ပါစေ၊ ဘယ်လောက်ပဲဒုက္ခဆင်းရဲတဲ့ဘ ၀မျိုးဖြစ်ပါစေ လူသားတို့ကျော်လွှားနိုင်ကြမြဲပါပဲ။ ဒါကြောင့်မနက်ဖြန်တိုင်းမှာရင်ဆိုင်ရမယ့် ဘ၀ခရီးများစွာ တို့ကို ခွန်အားအသစ်များနဲ့ကြိုဆိုနေရမယ်။        ။

Tuesday, November 10, 2009

ကျောက်ဆစ်သမား

တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိတယ်။ သူကလက်ရှိသူ့ဘ၀ကို မကျေနပ်ဘူး။ တစ်နေ့မှာ ချမ်း သာကြွယ်ဝတဲ့ ကုန်သယ်ကြီးတစ်ယောက်ရဲ့အိမ်ရှေ့က သူဖြတ်လျှောက်မိတယ်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ အတွင်းထဲ သူလှမ်းမြင်ရတယ်။ သူဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော သူ့ဆီလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေရောပေါ့။

"အင်း၊ သူတို့ကျတော့လဲ သိပ်ကိုသြဇာတိက္ကမကြီးပေမှာပဲ" ကျောက်ဆစ်သမား တွေးတယ်။ သူ့စိတ်ထဲမှာ ကုန် သည်ကြီးကို အရမ်းအားကျလာတယ်။ သူ့လိုဖြစ်လိုက်ရရင်သိပ်ကောင်းမှာ၊ အဲဒါဆိုရင် အနုညာတကျောက်ဆစ် သမားဘ၀နဲ့နေရတော့မှာ မဟုတ်ဘူးလို့သူတွေးမိတယ်။ ဒီလိုတွေးနေရင်းက ရုတ်တရက်အံ့သြစရာ၊ သူကချက် ချင်းလက်ငင်းဆိုသလို ကုန်သည်ကြီးဘ၀ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ သြဇာတိက္ကမတွေဆိုတာ အို သူမျှော်လင့်တာထက်တောင်အများကြီးပိုသေးတယ်။ သူ့လောက်မချမ်းသာတဲ့လူတွေမြင်ရင် မနာလိုချင်စရာ တွေပေါ့။

ဒါပေမယ့်မကြာခင်ပဲ သူ့အိမ်ရှေ့ကအရာရှိကြီးတစ်ယောက်ဖြတ်သွားတယ်။ စီးတော်ကုလားထိုင်မှာအကျအန ထိုင်လို့၊ အထမ်းသမားတွေ နောက်လိုက်နောက်ပါတွေ ကိုယ်ရံတော်စစ်သည်တွေနဲ့။ မောင်းကြေးနင်းတီးခတ် သူက တီးခတ်လို့။ သူကြွချီတော်မူလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူမှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ် အရို အသေပြုရတယ်။

“အင်း၊ အရာရှိကြီးများ သိပ်တန်ခိုးကြီးပေတာပဲ၊ ငါသာ ထိပ်တန်းအရာရှိကြီးဖြစ်ရရင် သိပ်ကောင်းမှာ” ကုန်သည် ကြီးဖြစ်လာတဲ့ပုဂ္ဂိုလ်က တွေးပြန်တယ်။ အဲဒီမှာတင် သူထိပ်တန်းအရာရှိကြီးဖြစ်သွားပြန်တယ်။ အပြောက် အမွှမ်းတွေ ခြယ်သထားတဲ့စီးတော်ကုလားထိုင်မှာ ထိုင် လို့၊ သွားလိုသမျှနေရာကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်ကလူမှန်သမျှ သူကိုကြောက်ရွံ့လို့၊ မုန်းတီးလို့၊ သူဖြတ်သွားတဲ့လမ်းတစ်လျှောက် လည်း အားလုံးဦးညွှတ်လို့၊ အရိုအသေပြုလို့၊ အဲသလို။

ဒါပေမယ့် အဲဒီနေ့က နွေရာသီနေ့လယ်ခင်းဆိုတော့ အင်မတန်ပူတယ်။ စီးတော်ကုလားထိုင်က ရထားလုံးများလို လေးဘက်လေးတန်ကာ ရံထားတာဆိုတော့ အတွင်းမှာ လှောင်ကျပ်ပြီးချွေးတပြိုက်ပြိုက်နဲ့ အရမ်းအိုက်စပ်နေ တယ်။ အဲဒါနဲ့စီးတော်ယာဉ်ထဲကနေ နေကိုမော့ ကြည့်မိတယ်။ နေကကောင်းကင်မှာ အရောင်အ၀ါတောက်ပ စွားနဲ့ဝင့်ကြွားနေလိုက်တာ၊ သူလိုအရာရှိကြီးရှိနေတာကို စိုးစဉ်းမျှအသိ အမှတ်မပြုသလိုပဲ။

“နေဟာ တကယ်တန်ခိုးကြီးပါကလား၊ ငါသာနေဖြစ်လိုက်ရရင် ...”လို့အရာရှိကြီးတွေးလိုက်မိတယ်။ အဲဒီမှာ သူ နေဖြစ်သွားတယ်။ အောက်ကရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပပူပြင်းပြလိုက်၊ လယ်ကွင်းပြင်တွေကိုမြှိက် ထားသလို အပူတိုက်ပြလိုက်၊ လယ်သမားတွေ အလုပ်သမားတွေဆဲရေးသမျှကိုမသိကျိုးကျွန်ပြုနေလိုက်နဲ့ပေါ့။

ဟာ အဲဒီအချိန် သူနဲ့ကမ္ဘာအကြား ဧရာမတိမ်မည်းကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူ့ဆီကအရောင်အ၀ါတွေ အောက်ကဘယ်အရာပေါ်မှ မကျရောက်နိုင်တော့ဘူး။ “မိုးသားတိမ်တိုက်တွေဟာ တကယ်တန်ခိုးကြီးပါလား” သူတစ်မျိုးတွေးပြန်တယ်။ “ငါသာ တိမ်တိုက်ဖြစ်လိုက် ရင် သိပ်ကောင်းမှာ”စိတ်ထဲက ဆုတောင်းမိပြန်တယ်။ ဒီအခါ သူတိမ်တိုက်ဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ ကျေးရွာတွေအပေါ် အုပ်မိုးလို့။ လူတကာတွေက လှမ်း ကြည့်ဟစ်အော်လို့။

ဒါပေမယ့် မကြာခင်မှာပဲ သူ့ကိုအင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားကြီးတစ်ခုက တွန်းရွှေ့မောင်းနှင်တာ သူခံ ရတယ်။ ကြည့်လိုက်တော့ “လေ”ဖြစ်နေတယ်။ “ဟာ၊ လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ“လေ” ဖြစ်ချင်လိုက်တာ” သူတောင့်တပြန်တယ်။ ဒီအခါ သူလေဖြစ်သွားတယ်။ အရှိန်အဟုတ်နဲ့တိုက်ခတ်နေတဲ့ “လေပြင်း”၊ အိမ်ခေါင်မိုးအုတ်
ကြွပ်ပြားတွေတိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေ အမြစ်ပါလန်အောင်လှဲချပစ်တယ်။ အောက်မှာရှိသမျှ သတ္တ၀ါတွေကြောက်ရွံ့မုန်းတီးကြ။

ဒါပေမယ့် မကြာပါဘူး။ တုတ်တုတ်မှမလှုပ်တဲ့အရာတစ်ခုကိုသူသွားတိုက်မိတယ်။ မားမားစွင့်စွင့်မြင့်တဲ့ ကျောက် စိုင်ကျောင်းတုံးကြီး။ သူ ဘယ်လောက်အားနဲ့တိုက်ပေမယ့် ကျောက်တုံးက လုံးဝမဖြုန်ဘူး။ “ကျောက်စိုင်ကျောက် ခဲများဟာ တယ်လဲတန်ခိုးစွမ်းအားကြီးမားပါ ကလား၊ ငါလဲကျောက်စိုင်ကျောက်ခဲဖြစ်ချင်တယ်” ဆုတောင်း လိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာတန်ခိုးစွမ်းအားအကြီးမားဆုံးဆိုတဲ့ ဧရာမ ကျောက်တုံးကြီးတစ်တုံးသဖြစ်သွား တယ်။

ဒါပေမယ့် သူမားမားစွင့်စွင့်ကြီးရပ်နေဆီမှာပဲ အောက်ဘက်ဆီက တစ်ထောက်ထောက်အသံကြားရတယ်။ ဟာ၊ ငါ့ကိုယ်ကကျောက်စိုင် ကျောက်သားတွေကို တူတစ်လက် ဆောက်တစ်လက်နဲ့ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာ ကိုယ်ကြီး တဖြည်းဖြည်းပုံသဏ္ဍာန်ပြောင်းလာနေ ပါလားလို့ သူခံစားမိလိုက်တယ်။ အောက်ဘက်ငုံ့ကြည့်လိုက် တဲ့အခါ သူ့ခြေရင်းနားဆီမှာ လား လား၊ ကျောက်ဆစ်သမားတစ်ယောက်ပါ ကလား။ ။
{မူရင်း။ ။ Benjamin Hoff ၏ The Stonecutter}
ဖေမြင့် (နှလုံးသား အာဟာရစာအုပ်မှာ ကူးယူတင်ပြလိုက်ပါသည်)
Image and video hosting by TinyPic