၁။ ဘာပဲလုပ်လုပ် အများအတွက် ကောင်းကျိုး၊ ဆိုးကျိုး ရှိမရှိ စဉ်းစားပြီးမှ လုပ်တာပိုကောင်းပါတယ်။
၂။ ဘာပဲပြောပြော သူတပါးမထိခိုက်စေတဲ့ အသုံးအနှုန်းတွေရွေးပြီးမှ ပြောဆိုကြရင် ပိုကောင်းပါတယ်။
၃။ ဘာပဲတွေးတွေး ကိုယ့်အနာဂတ်အတွက်ရော၊ သူ့အနာအဂတ်အတွက်ပါ ပါစေတဲ့ကောင်းကျိုးမျိုးပါဝင်စေရင် ပိုကောင်းပါတယ်။
၎။ ဘာပဲပေးပေး ကိုယ်ကသူတပါးကို ပေးပြီဆိုရင် စေတနာအပြည့်နဲ့ပေးတာ ပိုကောင်းပါတယ်။
၅။ ဘာပဲယူယူ သူတပါးထံကရရှိလာတဲ့ ပစ္စည်းဥစ္စာမှန်သမျှ စိတ်သန့်သန့်နဲ့ယူတာ ပိုကောင်းပါတယ်။
၆။ ဘယ်ပဲသွားသွား ဘုရားတရားသံဃာနဲ့မိဘဆရာသမားတို့ကို အာရုဏ်ပြုပြီးသွားတာ ပိုကောင်းပါတယ်။
၇။ ဘယ်နေရာပဲရောက်ရောက် မိတ်ဆွေဖြစ်ကြတာ ပိုကောင်းပါတယ်။
အရာများကိုမပြောမဆို၊ မပြုမလုပ်မီ မှန်ရဲ့တစ်ဖက်တစ်ချပ်ဆီက သူနဲ့ကိုယ့်အတွက်ပါပဲလို့ သဘောထားနိုင် ရင် အဆင်ပြေသွားပါပြီ။
Friday, May 27, 2011
Monday, May 16, 2011
အဆင်မပြေ
အခုတလော စာရေးချင်စိတ်တွေ မရှိပဲဖြစ်နေတယ်။ စာရေးတာ အလေ့ကျင့်လေးတစ်ခုဖြစ်နေခဲ့ပြီးမှ အခုလိုမျိုး မရေးချင်စိတ်တွေဖြစ်လာတာ အံ့သြနေမိတယ်။ ဘယ်လိုလုပ်ရမလဲ .... စာလည်း ပုံမှန်ဖတ်ပါရဲ့နဲ့ စာရေးရပျင်း နေသတဲ့။ စာရေးဖို့ ခေါင်းစဉ်တွေကို အမျိုးမျိုးတွေးသော်လည်း မရဘူး။ ဘယ်လိုမှ အဆင်မပြေဖြစ်နေတယ်။
Wednesday, May 4, 2011
အပြောင်းအလဲ
ပထမတော့ သုံးရာသီဘ၀ခရီးလို့ နာမည်လှလှလေးပေးခဲ့ပါတယ်။ အခုတခါ နေရာလေးတစ်ခု ဖြစ်သွားပြန်ပြီ။ အသစ်အဆန်းလေးဖြစ်စေချင်လို့ နာမည်ပြောင်းလိုက်တာပါ။ ပို့စ်တွေမတင်နိုင်ခဲ့ပေမယ့် ကိုယ့်အိမ်လေးကို တော့ အမြဲဂရုတစိုက်ရှိပါတယ်။ ရတဲ့အချိန်လေးတွေမှာ နိုင်သလောက်စာရေးအုံးမယ်လို့ စိတ်ကူးရှိနေဆဲပါ။ လာလည်ကြတဲ့ စာပေမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ
Subscribe to:
Posts (Atom)