Showing posts with label အထိမ်းအမှတ်. Show all posts
Showing posts with label အထိမ်းအမှတ်. Show all posts

Tuesday, June 29, 2010

၃ နှစ်တာ ဘ၀ခရီး



လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဒီနေ့ ဒီရက် ဒီအချိန်လေးမှာ ကိုယ်တို့နှစ်ဦး လက်ထပ်မင်္ဂလာပွဲသေးသေးလေး တစ်ခု ကျင်းပနေခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက ကိုယ်တို့နှစ်ဦးရဲ့ရင်ထဲမှာ ပြည့်ကြပ်နေတဲ့ခံစားချက်တွေ အများ ကြီးနဲ့ပေါ့။

လူတိုင်းသည် မိမိတို့ရဲ့လက်ထပ်မင်္ဂလာပွဲလုပ်နေတဲ့အချိန်မှာ မင်္ဂလာယူကြစမြဲပဲလေ။ ပျော်ရွှင်ခြင်း၊ ကြည်နူး ခြင်း၊ ဂုဏ်ယူခြင်း၊ စတာတွေအများကြီးခံစားနေရတဲ့အချိန်ကာလလေးတစ်ခုပေါ့။ အဲဒီအချိန်အခါလေးဟာ မိမိတို့ဘ၀တစ်လျှောက် လုံးအတွက် မေ့မရနိုင်တော့တဲ့ တန်ဖိုးအရှိဆုံးအချိန်လေးလည်းဖြစ်ပါတယ်။

လူ့ဘ၀မှာလက်ထပ်တိုင်း၊ မင်္ဂလာဆောင်တိုင်း ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းဖြစ်ကြတယ်လို့တော့ ရာခိုင်နှုန်း အပြည့်မပြောနိုင်ပါဘူးလေ။ လူတိုင်းမှာအကြောင်းအရာချင်းမတူညီကြဘူး။ ဘ၀အဖြစ်အပျက်ချင်းလည်း မတူညီကြဘူး။ ရွေးချယ်ချင်း လည်းမတူညီကြဘူး။ သေချာတာကတော့ မိမိဘ၀ကို မိမိကိုယ်တိုင်ဖန်တီးကြ ခြင်းပဲဖြစ်ပါတယ်။

လက်ထပ်ရတာပျော်ကြသလို၊ ပျော်ကြလို့လက်ထပ်တာလည်းရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက်လေးလေး နက်နက်စဉ်းစားပြီး လက်ထပ်ကြတဲ့လူတွေက နဲပါတယ်လို့ပဲယူဆမိတယ်။ အဲဒီဘ၀အတွက် လေးလေးနက် နက်စဉ်းစားပြီးမှ လက်ထပ်ကြတဲ့ လူအနဲစုထဲမှာပဲ ကိုယ်တို့ပါဝင်ခဲ့ပါတယ်ဆိုရင် မမှားပါဘူး။

ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းတစ်ခုက ကိုယ်တို့နှစ်ယောက်အကြောင်းပါပြီး လက် ထပ်ကြမယ့်အစီအစဉ်လေးကို ၀ိုင်းဝန်းဆန့်ကျင်ခဲ့ကြတယ်လေ။ တစ်စုံတစ်ရာကို ပြုပြင်ပြောင်းလဲဖို့၊ အသစ် တစ်ဖန်ပြန် လည်တည်ဆောက်ကြဖို့ မကြိုးစားပဲနဲ့ အဲဒီတစ်စုံတစ်ရာကို ပုံသေသတ်မှတ်ကာ အပြစ် တင်ရှုံ့ချ မစဲဖြစ်ခဲ့ကြတာကိုး။ သို့သော် သေချာတာကတော့ ထိုသူတို့သည် မိမိအပေါ် (သို့) မိမိ၏အကြင်ဖော်အပေါ်မှာ စေတနာတွေထားတာ ပြည့်ဝလွန်းခဲ့တယ်လို့ပဲ နှလုံးသွင်းခဲ့မိတယ်။

ဘာပဲဖြစ်ဖြစ် ဆိုးရွားတဲ့အခြေအနေတစ်ခုထဲမှ မိမိတို့နှစ်ယောက်ရဲ့ဘ၀ကံကြမ္မာကို အကောင်းဆုံးဖြစ်စေ မယ့် ဆုံးဖြတ်ချက်တစ်ခုကို အဲဒီအချိန်တုန်းကချမှတ်ခဲ့ကြတယ်။ အဲဒါကတော့ လူတွေရဲ့အထင်သေးခြင်း၊ ကဲ့ ရဲ့ခြင်း၊ အပြစ် တင်ခြင်း၊ စွပ်စွဲခြင်းမှ လွတ်မြောက်ရာလမ်းတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ပြီးတော့ မိမိတို့နှစ်ဦးရဲ့ဘ၀လမ်းခရီးကို အကောင်းဆုံးဖြစ်အောင်၊ ဖြစ်လာအောင်၊ ကြိုးစားကြမယ်။ အေးချမ်း တဲ့ဘ၀ ကိုတည်ဆောက်ကြမယ်။ ပတ်ဝန်းကျင်က တစ်စုံတစ်ရာကိုပုံသေသတ်မှတ်ခြင်းမှ လွတ်မြောက် အောင်လည်း အထူးကြိုးစားကြမယ်ဆိုတဲ့ ခံယူချက်တွေကြောင့် ဒီနေ့လေးဟာ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်

ဆက်လက်ပြီးတော့ ကိုယ်တို့နှစ်ဦးရဲ့ဘ၀ခရီးပိုမိုးအေးချမ်းပြီး တည်ငြိမ်အောင်ကြိုးစားသွားမှာပါ ...... ။

လူတို့၏ဘ၀သည် သိပ်သိမ်မွေ့လွန်းပါတယ် ... ဖြစ်ပေါ်လာတဲ့အရာတိုင်းကို မခံနိုင်ကြရင် ဘ၀သည်အရှုံးနဲ့ နစ်မြုပ်နေမှာသေချာသည်။

ဒီပို့စ်လေးကို ဇွန်လ ၂၄ ရက်နေ့ မင်္ဂလာသက်တမ်း ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်တင်ဖို့ကြိုးစားခဲ့ ပါတယ်။ သို့သော်လည်း ကွန်ပျူတာရော၊ အင်တာနက်ပါ ပြဿနာပေးနေခဲ့တဲ့အတွက်ကြောင့် အခု လိုနောက်ကျသွားခြင်းဖြစ်ပါတယ်။

Monday, March 8, 2010

International Women's Day

 
 ဒီကနေ့ မတ်လ ၈ ၂၀၁၀ ခုနှစ်သည် နိုင်ငံတကာအမျိုးသမီးများနေ့ အနှစ် ၁၀၀ ပြည့်ခြင်းဖြစ်ပါတယ်။ ကျမ တို့ဒေသမှာလည်း ရွှေ့ပြောင်းအလုပ်သမားလူထုနှင့်ပူးပေါင်းပြီး ဒေသခံ NGO အဖွဲ့တွေက နိုင်ငံတကာအမျိုး သမီးများနေ့ အခမ်းအနားလေးတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ရွှေ့ပြောင်းအမျိုးသမီးများနှင့် အတူ အမျိုးသားများပါ စုစုပေါင်း ၁၀၀ ကျော်ခန့်တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ အခမ်းအနားအစီအစဉ်တွေ ကတော့ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပေါ်လာရခြင်းသမိုင်းအကျဉ်ချုပ်ဟောပြောခြင်း၊ အဆို၊ အက နှင့် သရုပ်ဖော်ပြဇာတ်များကို စီစဉ်တင်ဆက်ပြသသွားပါတယ်။ 

ဒေသခံရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးများနှင့်အတူ အမျိုးသား နှင့် ကလေးများပါလည်း အခမ်းအနားမှာ တပျော်တပါးပါဝင်ခဲ့ကြပါတယ်။