Showing posts with label အပျင်းပြေ. Show all posts
Showing posts with label အပျင်းပြေ. Show all posts

Tuesday, June 7, 2011

ယောင်ချာချာ

ဟိုး ... အဝေးမှာပျံသန်းနေတဲ့ ငှက်ငယ်ကလေးတွေကို ငေးမောကြည့်ရင်း ရှင်သန်မှုတို့ကို တဖန်ပြန်လည်လို အပ်နေသလို ခံစားမိလာတယ်။ ဘယ်လိုရှင်သန်မှုတွေလဲ .... ကိုယ်တိုင်အဖြေရှာမရဖြစ်နေပါသလား။ အသက်ရှိ လျက်နဲ့ အနာဂတ်ဘ၀တစ်ခုအတွက် ရှင်သန်မှုမရှိတဲ့သဘောကို ဆိုလိုတာလား။ ပန်းတိုင်တစ်ခုပျောက်ဆုံးခံခဲ့ ရတဲ့သူမို့လား။ 

အနာဂတ်လမ်းစတွေဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်ဆိတ်သုဉ်းသွားသလိုပဲ။ ဘယ်ကပြန်စရမှန်းတောင် မ သိပဲဖြစ်နေတယ်။ သမုဒ္ဒယာပင်လယ်ပြင်မှာ ယောင်ယောင်လည်လည်ဖြစ်နေသလို အဖြစ်မျိုးပါလား။

Monday, May 16, 2011

အဆင်မပြေ

အခုတလော စာရေးချင်စိတ်တွေ မရှိပဲဖြစ်နေတယ်။ စာရေးတာ အလေ့ကျင့်လေးတစ်ခုဖြစ်နေခဲ့ပြီးမှ အခုလိုမျိုး မရေးချင်စိတ်တွေဖြစ်လာတာ အံ့သြနေမိတယ်။ ဘယ်လိုလုပ်ရမလဲ .... စာလည်း ပုံမှန်ဖတ်ပါရဲ့နဲ့ စာရေးရပျင်း နေသတဲ့။ စာရေးဖို့ ခေါင်းစဉ်တွေကို အမျိုးမျိုးတွေးသော်လည်း  မရဘူး။ ဘယ်လိုမှ အဆင်မပြေဖြစ်နေတယ်။

Tuesday, October 19, 2010

ဆောင်းဦးမိုး

သီတင်းကျွတ်တော့မယ် ..... မိုးရာသီရဲ့အဆုံးနဲ့ ဆောင်းရာသီရဲ့အစဖြစ်တဲ့ ကာလမှာ ကျမတို့နေထိုင်ရာအရပ်မှာ မိုးတွေကတော့ မစဲပဲ နေ့စဉ်နေ့တိုင်းရွာနေဆဲပဲ။


Wednesday, September 8, 2010

သုညမှ ပြန်စမယ်

ဘ၀က ၁ မှ ၁၀ .. ၁၀၀ .. ၁၀၀၀ ရယ်လို့တက်သွားတာမျိုးမဟုတ်ပဲ၊ အမြဲလိုလို သုည (၀) ကနေ ပြန်ပြန် စနေရ တယ်။ အဲဒီလိုပြန်ပြန်စရတဲ့အဖြစ်ကတော့ အိမ်ခဏခဏပြောင်းရခြင်းကြောင့်ပါပဲ။ တစ်နေရာမှာ ၁ နှစ်ကျော် ကျော်လောက်နေပြီး နေသားကျသွားပြီးဆိုတာနဲ့ နောက်နေရာအသစ်တစ်ခုကို ပြောင်းရပြန် ရော။ အဲဒီအခါ ကျတော့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို တခါခွဲခွာရပြန်တယ်။ ပြီး တော့ နေရာအသစ်မှာ ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို အစကနေရင်းနှီးမှုရအောင် တဖန်ပြန်ပြီး တည်ဆောက်ရတယ်။ 

ဒီလိုနဲ့ပဲ နေရာတစ်ခုမှာ ၁ နှစ်လောက်နေလိုက်၊ နောက်နေရာအသစ်တခုဆီကိုပြောင်း၊ နေရာအသစ်မှာ လည်း ၁ နှစ်၊ ၂ နှစ်လောက်နေလိုက်၊ နောက်တခါထပ်ပြောင်းလိုက်၊ ပစ္စည်းလေးတွေစုဆောင်းထားလိုက်၊ ရွှေ့ရင်း ပြောင်းရင်းနဲ့ တချို့တ၀က်လျော့သွားလိုက်၊ ပြန်ဝယ်လိုက်၊ ပြန်လျော့သွားလိုက်နဲ့ သံသရာတွေလည် နေပါတယ်။

အခုလည်း ထပ်ပြောင်းရအုံးမယ်။ သုညကနေပြန်စရအုံးမယ်။

Wednesday, July 21, 2010

အိုမင်းဟောင်းနွမ်းပေမယ့်လည်း ရှင်သန်ခွင့်ရှိသေးတယ်


လောကမှာ အလှတရားထက် အသက်ရှင်နေရေးက အရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲရောက်နေ ရောက်နေ .... ဘ၀သည် ပျော်ရွှင်သာယာနေဖို့အမြဲလိုအပ်ပါတယ်။ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့အရာတွေ ဟာ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီး၊ ဟောင်းနွမ်းလာပေမယ့်လည်း သူ့ဟာသူ၊ ကိုယ့်ဟာကိုယ် လွတ်လပ်စွာ အသက်ရှင်သန်နေပြီး အေးချမ်းစွာတည်ရှိနေရမယ်ဆိုရင် လုံလောက်ပါပြီ။ 


Friday, May 14, 2010

ပူပြင်းတဲ့နွေရာသီ

April လကုန်၍ May လပင်ဆန်းခဲ့ပြန်ပြီ .... အပူချိန်ကတော့ လျော့သွားတာမရှိပဲ ထပ်ခါထပ်ခါထိုးလာနေသလို ခံစားမိတယ်။ နေ့ဆိုလည်း နေစရာမရှိအောင် ပူပြီး ... ညဆိုလည်း အိပ်စရာမရှိအောင် အိုက်လွန်းတယ်။ တခါ တလေမိုးလေးရွာချလိုက်ရင် အလွန်ပျော်မိတယ်။ သို့သော် မိုးစက်များမှာ ပူနွေးပြီး အအေးဓါတ်ကို အနဲငယ်မျှ တောင် မဆောင်တော့ပါ။ မိုးရွာပေမယ့် စိတ်မအေးရ၊ ခေါင်းမအေးရ၊ ကိုယ်လည်းမအေးရပဲ ... အိုက်စပ်စပ်နဲ့ကို အဆင်မပြေနိုင်ဘူး
ကိုယ့်အလုပ်က အရိပ်အောက်မှာဖြစ်သော်လည်း အအေးဓါတ်ကို လုံးဝမခံစားရဘူး။ လေပြေလေအေးနဲ့လည်း မထိတွေ့ရဘူး။ ကိစ္စတစ်ခုခုနဲ့အပြင်ထွက်တဲ့အခါ ဘောင်းဘီအရှည်၊ အင်္ကျီလက်ရှည်တွေဝတ်ပြီးသွားမှ .. ဒါမှ မဟုတ်ရင် နေပူလောင်ပြီး အသားနီညိုမဲနက်သွားလိမ့်မယ်။ ဟဲဟဲ ...

Friday, November 20, 2009

ပင်လယ်ကြီး


နေသာတဲ့နေ့တွေဆို ညနေတိုင်းလိုလို ကမ်းခြေဘက်ကို သွားလေ့ရှိတယ်။ အိမ်နဲ့လည်းသိပ်မဝေးဘူး၊ ရှင်းရှင်းပြော ရ ရင် ပင်လယ်ပြင်ရဲ့အရှေ့မှာ ကျမတို့နေတဲ့တိုက်တန်း လျားတွေတည်ရှိနေတယ်။

တကယ်တမ်းကျတော့ ပင်လယ်ကိုသိပ်ကြိုက်တာမဟုတ် ဘူးလေ၊ ပင်လယ်ပြင်ကြီးကိုတွေ့တိုင်း စိတ်ထဲထိတ်လန့် နေမိတယ်။ သူဟာ အပြစ်မရှိသလိုနေတတ်ပေမယ့် အဆ မတန် လူသားများရဲ့အသက်သွေးတို့ကိုဝါးမျိုသွားခဲ့ဖူးတာ ကို ကျမစိတ်ထဲစွဲနေတယ်။ ဒါကြောင့်မို့ သူ့ရှေ့ကိုရောက်တိုင်း သူ့ရဲ့အပြစ်တွေကို ပြန်လည်သတိရနေတတ်တယ်။


တခါတလေတော့လည်း ညနေဆည်းဆာနဲ့အတူ သူဟာအလွန်ကြည်လင်တောက်ပပြီး ဆိတ်ငြိမ်ခြင်းများကိုပါ ပေးနိုင်ရှိတယ်။ သူတပါးတို့ စိတ်ပြေလက်ပျောက်၊ စိတ်၏ထွက်ပေါက်များကို သူ့ဘက်ကပေးနိုင်စွမ်းရှိနေတယ်။ ဒါကြောင့် နေသာတဲ့ညနေဘက်တွေဆို သူ့ဆီကိုရောက်သွားလေ့ရှိတာ။


အေးဆေးငြိမ်သက်တဲ့ဆည်းဆာချိန်လေးမှာ တောင်တွေးမြောက်တွေး၊ အကြောင်းအရာမျိုးစုံကိုပြောကြရင်း ပင် လယ်ပြင်ကြီးနဲ့အတူ မှောင်မိုက်ခြင်းကိုရင်ဆိုင်ခဲ့ကြတယ်။ ထို့နောက် အားလုံးကိုနှုတ်ဆက်ကာ ကျောခိုင်းခဲ့တာ ပေါ့။



Image and video hosting by TinyPic


Wednesday, October 14, 2009

ထပ်တူထပ်မျှခံစားမိတယ်


သူငယ်ချင်းတို့ရေ ပို့စ်အသစ်လေးမတင်နိုင်တာ အခြားအကြောင်းကြောင့်တော့မဟုတ်ပါ၊ အခုတလော မိုးရာသီကုန်စင်ခါနီး ဆောင်းရာသီအကူးမှာ မိုးနဲ့ဆောင်းလေအေးတို့ လမ်းဆုံ မိကာ အချင်းချင်းမိတ်ဆက်နေကြရင်း ကြားမှာရှိနေတဲ့ ကိုယ်တို့လိုနုနယ်တဲ့လူသားတွေက တော့ နှာချေ၊ ချောင်းဆိုး၊ မျက်စိနာ စတာတွေဖြစ်ပြီး ကျန်ရစ်ကြတယ်၊ ကိုယ်တို့နေတဲ့နေ ရာမှာ လူအတော်များများ ကလေးအပါအ၀င်ပေါ့လေ အဲဒီဝေဒနာတွေခံစားနေကြရတယ်။ ကိုယ်လည်းအဲဒါကို ကြောက်လို့ ဝေးဝေးကရှောင်တယ်။ ကိစ္စမရှိရင် အိမ်ထဲကအိမ်ပြင်မထွက်ပဲနေတယ်၊ ဒီကြားထဲမှာမှ ရှောင်ရင်း ရှောင်ရင်းနဲ့ တနေ့မှာ မျက်စိနာနေတဲ့၊ ဖျားနေတဲ့လူတွေနဲ့ ၁ နာရီကျော်ကျော်လောက်သွားရတဲ့ ခရီးတခုကို အတူသွားကြရတယ်၊ အဲဒီမှာ ကျေးဇူးရှင်ကကိုယ့်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးတော့ပါ။ အင်းပေါ့လေ ဘာပဲဖြစ် ဖြစ် အားလုံးထပ်တူထပ်မျှခံစားကြမယ်ဆို .......... ။ အေးလေး မှတ်ထားပေါ့ အခုတော့ထပ်တူထပ်မျှခံစားနေရပါ ပြီ။ ကြေနပ်ပါတယ်ကွယ်။ ဒါပေမယ့် အခုတော့ သက်သာနေပါပြီ။ ဆေးစားဆေးသောက်လုပ်တယ်လေ။

သူငယ်ချင်းတို့ရေ ... မိုးရာသီတခုကုန်လွန်လို့ ဆောင်းအစကိုကူးဝင်နေပြီနော်၊ နောက်ပြီးတော့ သတင်းလည်း ကျွတ်ပြီးပြီနော့ လူလွတ်များ (အထူးသဖြင့် အတွဲများ) ကနေသတင်းကောင်းကြားချင်နေပြီ။ ရှိရင်ပြောကြပါ။

ခင်မင်စွာ






Image and video hosting by TinyPic


Monday, September 21, 2009

သူငယ်ချင်းအားလုံးအတွက်

သူငယ်ချင်းအားလုံး တို့ကိုသတိရနေကြပြီမဟုတ်လား
ဒါဆို အောက်ကပန်းပုံလေးတွေကို အလွမ်းဖြေကြည့်ကြပေါ့နော်

ဒီပုံလေးကို တို့ကြိုက်တယ်












ဒီပုံလေးက လှတယ်နော်












ဒီပုံလေးလည်း မဆိုးဘူး



















ဒီပုံလေးကလည်း နှစ်သက်စရာပဲ



















ဒီပုံလေးလည်း ချစ်စရာကောင်းတယ်












ဒါကတော့ ကိုယ့်ဓါတ်ပုံပေါ့



















Image and video hosting by TinyPic


Tuesday, September 1, 2009

ဘာမှအဆင်မပြေဘူး

မိုးတွေရွာနေတာ ရက်သတ္တပတ် ၃ ပတ်လောက်ရှိနေပြီ၊ ဘယ်ကိုမှလည်း သွားလို့လာလို့မရဘူးလေ၊ ဒါကြောင့် အိမ်မှာပဲနေပြီး ဟိုလုပ်ယောင်ယောင်၊ ဒီလုပ်ယောင်ယောင်နဲ့ အချိန်တွေကုန်ဆုံးစေခဲ့ တယ် ။



စာဖတ်လည်း အကြာကြီးမဖတ်နိုင်၊ စာရေးလည်းအကြာကြီးမရေးနိုင်၊ ဟိုလည်းအကြာကြီးမလုပ်နိုင်၊ ဒီဟာ လည်း အကြာကြီးမလုပ်နိုင်တော့ ဘယ်လိုလုပ်မလဲ။ ကွန်ပျူတာရှေ့မှာထိုင် ဟိုကလစ်၊ ဒီကလစ်လုပ်ပြန်ရော ပေါ့၊၊ ဒါပေမယ့် တနေကုန်အောင်လည်း မထိုင်နိုင်ဘူး၊ မိုးအေးအေးနဲ့ ကွေးအိပ်မယ်ကြံတော့လည်း အဆင်မပြေ ဘူး။ “ငါလုပ်စရာ တခုခုရှိနေသေးတယ်” လို့ပဲထင်ထင်နေမိတယ်။

ဘာလုပ်စားရင်ကောင်းမလဲလို့ တွေးလိုက်ပြန်တော့လည်း အေးလို့ ဘာမှမလုပ်စားချင်၊ ထမင်းတောင်မှ မဖြစ်မ နေစားရမှာမို့ပါ။ အစပ်၊ အချဉ်၊ အချို၊ အခါးလည်းမစားချင်ဘူး။

တစ်ခုတည်းသော အတတ်ပညာဖြစ်တဲ့ “သိုးမွေးထိုး” ပြန်တော့လည်း မျက်လုံးကမကောင်း၊ မျက်မှန်ကြီးနဲ့ဆိုမို့ လို့ အကြာကြီးမထိုးနိုင်ပြန်။

အ၀တ်လျှော်ဖို့လည်း မိုးကမစဲ၊ မီးပူတိုက်ဖို့ကလည်း အပျင်းထူနေတော့ ပြီးရောပေါ့။ လုပ်စရာဘာမှမရှိတော့ဘူး လေ။ ရုပ်ရှင်လည်း မကြိုက်တတ်၊ သီချင်းလည်း သိပ်ဝါသနာမပါ၊

နောက်ဆုံးတော့ ဒီစာလေးတွေကိုပဲ တစိမ့်စိမ့်တွေးပြီး ရေးဖြစ်တော့တယ်။ ဟဲဟဲ့  ကိုယ့်ဇာတ်တော်ကိုယ် ခင်းပြလိုက်တဲ့သဘောပါပဲကွယ်။

Image and video hosting by TinyPic