သြော့့်  ဘာမှမဟုတ်ပဲနဲ့ ၁၀ နှစ်တောင်ကြာခဲ့ပြီပဲ။ ဟောဒီ ၉ ရက်နေ့၊ ၉ လပိုင်း၊ ၂၀၀၉ ခုနှစ်ကိုရောက်တဲ့အခါ မှာ ဟိုလွန်ခဲ့တဲ့ ၁၀ နှစ်က အကြောင်းအရာလေးတွေကို ပြေး သတိရမိပါတယ်။ အဖြစ်က ဒီလိုလေ . . .
၁၉၉၉ ခုနှစ်၊ ၉ လပိုင်း၊ ၈ ရက်နေ့က ကျမမှာ ၅ တန်း ကျောင်းသူလေးပဲရှိသေးတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာ ကျောင်းက သူငယ်ချင်းတွေက ပြောကြတယ်။ “မနက်ဖြန် ၉ ရက်နေ့၊ ၉ လပိုင်း၊ ၉၉ ခုနှစ် (၉၉၉၉) နေ့ဖြစ်တယ် တဲ့။ ဒါဟာ ထူးခြားတယ် တစ်ခုခုတော့ဖြစ်လိမ့်မယ်။ သတင်းကြားတာကတော့ ၉၉၉၉ နေ့မှာ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကြီးကျမယ်။ အဲလိုအမှောင်ကြီးကျတဲ့နေ့ဆိုရင် မီးထွန်းလည်းအလင်းရောင်မရတော့ဘူးတဲ့။ တို့တွေ တစ်ယောက်ကိုတစ်ယောက်မမြင်ရပဲ ဖြစ်နေမှာပဲနော်။ ဒါဆို မနက်ဖြန်ကျောင်းလာရင် မီးခြစ်နဲ့ဖယောင်းတိုင်ယူ လာမှဖြစ်မယ်” လို့ သူငယ်ချင်းတွေက ပြောကြတယ်။
အဲဒီတော့ အခြားရွာကကျောင်းလာတက်ကြတဲ့ သူငယ်ချင်းတွေက “ဒါဆို ငါတို့မိဘတွေနဲ့ မတွေ့ရပဲ ငါသေသွား ရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး ငိုချတော့တာပဲ။
တချို့ကျောင်းသူကျောင်းသားတွေကလည်း မနက်ဖြန်ကျောင်းမလာတော့ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ကျမ တို့ ဆရာ၊ ဆရာမများကတော့ ဒီသတင်းမဟုတ်မမှန်ကြောင်းပြောပြီး “မနက်ဖြန်အားလုံးကျောင်းတက်ရမယ်” လို့ မှာလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့တစ်တွေဟာ ကြောက်နေကြတယ်။ (၉၉၉၉)နေ့၊ ကျောင်းတက်တော့ ကျောင်းလွယ် အိတ်ထဲကို မီးဖြစ်နဲ့ဖယောင်းတိုင်များထည့်ပြီး လာကြတယ်။ အတန်းတက် စာသင်နေတဲ့အချိန်မှာ ဗယ်လက် တဖက်က လွယ်အိတ်ထဲက မီးခြစ်နဲ့ဖယောင်းတိုင်များကို သတိမလစ်ပဲစမ်းမြဲစမ်းနေတယ်။ တော်သလင်းလမို့လို့ မိုးအုံ့လာရင်လည်း စိတ်ကတထိတ်ထိတ်တလန့်လန့်ဖြစ်နေတယ်။ နဲနဲမှောင်တာနဲ့ မီးခြစ်နဲ့ဖယောင်းတိုင်ကို စမ်း တော့တာပဲ။
အဲဒီနေ့မှာ အခြားရွာမှလာတဲ့ သူငယ်ချင်းများကို သနားလိုက်တာ၊ ကျောင်းသာတက်နေရတယ်၊ သူ့ခမျာ တနေ့ လုံးငိုရတာမောလို့ပါပဲ။ ဒီကြားထဲ ချိန်းခြောက်တဲ့သူကလည်း မကြာခဏလာလာခြောက်နေတော့တာပဲ။
တစ်နေ့သာကုန်သွားတယ်၊ ကျမတို့အားလုံး ကြောက်စိတ်များနဲ့ ကျော်ဖြတ်လာတဲ့ (၉၉၉၉)နေ့ကို မီးခြစ် တစမ်း စမ်း၊ ဖယောင်းတိုင်တစမ်းစမ်းနဲ့ လွတ်မြောက်စေခဲ့တယ်။ ကျောင်းဆင်းချိန်ရောက်လို့ ခေါင်းလောင်းထိုးသံကြား ဒါနဲ့ ကျောင်းသူကျောင်းသား တစ်ကျောင်းလုံးရဲ့ ပျော်မြူးစွာထအော်သံများမှာ ရွာအလယ်ပိုင်းတစ်ပိုင်းလုံးကို စည်းကားသွားစေခဲ့တယ်။
ဒီနေ့လည်း ၉ရက်နေ့၊ ၉ လပိုင်း၊ ၂၀၀၉ ခုနှစ်ပင်ဖြစ်လေတော့ပြီ။
ပျော်ရွှင်လျက်

တချိန်က အကြောင်းလေးတွေတွေးမိတိုင်း မျက်ရည်လည်လာတယ်။ ငယ်ငယ်က ဘ၀ကိုပြန်လိုချင်တယ်
ReplyDeleteကလေးဘ၀လေး ကို ပြန်ပြီး တမ်းတမိတယ်။
ReplyDeleteဒီပို့စ်လေးကို ဖတ်လိုက်မှ ဟို လွန်ခဲ့တဲ့ 9999 နေ့လေးကိုပြန်သတိရမိတယ်။ ကျေးဇူးတင်ပါတယ်။
၉.၉.၂၀၀၉ မှာတော့ အိဖူးက အငဲရဲ့ ကိုးခွေမြောက် “ကိုး” အခွေကို ကိုးခါတိတိ နားထောင်နေခဲ့တယ် ...
ReplyDeleteအတိတ်က ဘ၀လေးကိုတွေးမိတိုင်း ပြန်ရချင်မိတယ်။ ဒါပေမယ့် မဖြစ်နိုင်တော့တာ ကိုယ့်အတွက်ပိုသေချာနေတယ်လေ။
ReplyDeleteလာတယ်နော် အိရေ အင်း အသစ်မတင်ပဲ ဘာလုပ်နေတုံး ဟိဟိ လာ စ သွားတယ် သိရား ခင်လို့နော် ဘယ်သူ့မဆို ခင် တတ်တာ ဝံရဲ့ အကျင့်သိလား ကောင်းလားမကောင်းလားတော့ မသိဘူးနော် ဟက်
ReplyDeleteကဲ ပြန်ပြီ သိလား ဒုန်းးးးးဒုန်းးးးးးးးးးး
ဟုတ်တယ်နော်
ReplyDelete၀၉-၀၉-၀၉ တဲ့ တကယ့်ကို အမှတ်တရလေးပါပဲခင်ဗျာ
ပျော်ပါစေ ...
ကျွန်တော်လည်း အပေါ်က ၀က်ဝံ လိုပဲ လှစ်ခနဲရောက် ၀ှစ်ခနဲဖတ်
ဗြုန်းကနဲပြန်...ဟဲ..ဟဲ..း-)