Tuesday, September 1, 2009

ဘာမှအဆင်မပြေဘူး

မိုးတွေရွာနေတာ ရက်သတ္တပတ် ၃ ပတ်လောက်ရှိနေပြီ၊ ဘယ်ကိုမှလည်း သွားလို့လာလို့မရဘူးလေ၊ ဒါကြောင့် အိမ်မှာပဲနေပြီး ဟိုလုပ်ယောင်ယောင်၊ ဒီလုပ်ယောင်ယောင်နဲ့ အချိန်တွေကုန်ဆုံးစေခဲ့ တယ် ။



စာဖတ်လည်း အကြာကြီးမဖတ်နိုင်၊ စာရေးလည်းအကြာကြီးမရေးနိုင်၊ ဟိုလည်းအကြာကြီးမလုပ်နိုင်၊ ဒီဟာ လည်း အကြာကြီးမလုပ်နိုင်တော့ ဘယ်လိုလုပ်မလဲ။ ကွန်ပျူတာရှေ့မှာထိုင် ဟိုကလစ်၊ ဒီကလစ်လုပ်ပြန်ရော ပေါ့၊၊ ဒါပေမယ့် တနေကုန်အောင်လည်း မထိုင်နိုင်ဘူး၊ မိုးအေးအေးနဲ့ ကွေးအိပ်မယ်ကြံတော့လည်း အဆင်မပြေ ဘူး။ “ငါလုပ်စရာ တခုခုရှိနေသေးတယ်” လို့ပဲထင်ထင်နေမိတယ်။

ဘာလုပ်စားရင်ကောင်းမလဲလို့ တွေးလိုက်ပြန်တော့လည်း အေးလို့ ဘာမှမလုပ်စားချင်၊ ထမင်းတောင်မှ မဖြစ်မ နေစားရမှာမို့ပါ။ အစပ်၊ အချဉ်၊ အချို၊ အခါးလည်းမစားချင်ဘူး။

တစ်ခုတည်းသော အတတ်ပညာဖြစ်တဲ့ “သိုးမွေးထိုး” ပြန်တော့လည်း မျက်လုံးကမကောင်း၊ မျက်မှန်ကြီးနဲ့ဆိုမို့ လို့ အကြာကြီးမထိုးနိုင်ပြန်။

အ၀တ်လျှော်ဖို့လည်း မိုးကမစဲ၊ မီးပူတိုက်ဖို့ကလည်း အပျင်းထူနေတော့ ပြီးရောပေါ့။ လုပ်စရာဘာမှမရှိတော့ဘူး လေ။ ရုပ်ရှင်လည်း မကြိုက်တတ်၊ သီချင်းလည်း သိပ်ဝါသနာမပါ၊

နောက်ဆုံးတော့ ဒီစာလေးတွေကိုပဲ တစိမ့်စိမ့်တွေးပြီး ရေးဖြစ်တော့တယ်။ ဟဲဟဲ့  ကိုယ့်ဇာတ်တော်ကိုယ် ခင်းပြလိုက်တဲ့သဘောပါပဲကွယ်။

Image and video hosting by TinyPic

1 comment:

  1. စာလေးတွေပဲ တစိမ့်စိမ့်ရေးဖြစ်တယ်ပေါ့လေ...

    အကောင်းဆုံးပေါ့ဗျာ..
    ခံစားချက်လေးတွေကို သွင်ပြောင်းလိုက်တော့ ပေါ့သွားတာပေါ့...

    စက်တင်ဘာမိုးကလည်း မစဲတော့ဘူးလားမသိဘူးနော်...

    အဲဒိမှာရွာနေတဲ့မိုးက ဒီမှာကြတော့ မစိုပြန်ဘူးဗျာ.. သတိရနေတယ်...

    ပျော်ရွှင်ပါစေ မ အိအိ...

    ခင်တဲ့
    ပြည့်စုံ (ဝေါသားလေး)

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်