Monday, September 28, 2009

မူကြိုကလေးများ


သူငယ်ချင်းတို့ရေ
ကျမပျောက်နေခဲ့တာကြနေပြီ။ အလုပ်တွေနဲနဲများနေလို့ ပါ၊ အဓိကကတော့ ရုံးအောက်ထပ်က မူကြိုကလေးများနဲ့ မြူးနေရင်း ပို့စ်အသစ်လေးများတင်ဖို့ မအားမလပ်ဖြစ်ခဲ့ရ တယ်။

ဓါတ်ပုံလေးကိုကြည့်လိုက်ပါ၊ ကလေးငယ်လေးတွေ နေ့ လည်စာမစားမီ အလှူရှင်များအတွက် ဆုတောင်းမေတ္တာ ပို့နေကြတာလေ။ ဘယ်လောက်ချစ်စရာကောင်းလဲ၊ ဒီကလေးလေးတွေဟာ အသက် ၂ နှစ်ကျော်နဲ့ ၄ နှစ်ကျော် တွေဖြစ်တယ်၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားများဖြစ်ကြတဲ့ ထားဝယ်၊ မွန်၊ မြိတ်၊ မြန်မာ၊ ပြီး တော့ ကုလား ကလေးများဖြစ်ကြတယ်။

လူမျိုးစုခြင်းမတူကြပေမယ့်လည်း ကလေးဆိုတဲ့သဘာဝအတိုင်း (ကလေးဟာကလေးပဲ)၊ အတူနေ၊ အတူစား၊ အတူကစား၊ အတူအိပ်၊ အတူသွား၊ အတူလာ၊ အတူတူပင် ပညာသင်နေကြတယ်။ နောက်တစ်ခုကတော့ ဆိုးတဲ့ နေရာမှာလည်း ကလေးသဘာဝအတိုင်း ဆိုးခြင်းပင်တူနေကြတယ်။

သူတို့လေးတွေရဲ့မိဘတွေကတော့ ပန်းရံ (ဆောက်လုပ်ရေး)သမား၊ ရာဘာခြံသမား၊ တံငါသည်များဖြစ်ကြတယ်၊ မိဘတွေ နေ့ဘက်အလုပ်သွားရင် ကလေးတွေကို မူကြိုမှာလာအပ်ထားကြတယ်၊ ညနေပိုင်း ကလေးတွေအိမ်တဲ့ အချိန်ဆိုရင် မိဘတွေကလည်း အိမ်ပြန်ခါနီးတဲ့အချိန်တွေဖြစ်နေပါပြီ၊

ကလေးလေးတွေဟာ သနားတွေသိပ်ကောင်းပါတယ်။ မနက်အစောကြီးကတည်းက အိပ်ထပြီး ကျောင်းသား အကြိုပို့ကားနဲ့ ကျောင်းလိုက်လာရတယ်၊ ကျောင်းနဲ့အိမ်ကလည်းအဝေးကြီးပဲ၊ မိဘတွေကလည်း အလုပ်ဆင်းရ မှာမို့ ကျောင်းလိုက်မပို့နိုင်ကြဘူး၊

တချို့ကလေးတွေဆိုရင် မျက်နှာတောင်မသစ်ရသေးပဲနဲ့ ကျောင်းကားအမှီလိုက်လာတာလည်းရှိတယ်၊ တချို့ ကလေးတွေကလည်း မိဘနဲ့မခွဲနိုင်လို့ တလမ်းလုံးငိုယိုလာတာလည်းရှိတယ်၊ စုံနေတော့တာပဲ။

ဒါပေမယ့် ကျောင်းရောက်ရင်တော့ သူတို့တွေဟာ အလိုလိုပျော်သွားကြတယ်၊ ကလေးအရွယ်တူတွေချည်းပဲမို့ လို့ ပျော်မှာပေါ့။ ပြီးတော့ ကလေးဆိုတာ ဘာအပူပင်သောကမှ ရှိတာမဟုတ်ဘူးလေ၊

Image and video hosting by TinyPic

3 comments:

  1. ကလေးလေးတွေနဲ့ ပျော်နေတဲ့ အိချောလေး အမြဲပျော်ရွှင်ပါစေနော်
    ကလေးလေးတွေကို ကြည့်ရတာ ချစ်စရာကောင်းလိုက်တာ
    သူတို့လေးတွေလဲ အမြဲပျော်ရွှင်နိုင်ပါစေနော်
    ဆုတောင်းပေးသွားပါတယ် သူငယ်ချင်းရေ :)

    ReplyDelete
  2. ကလေးလေးတွေ ချစ်ဖို.ကောင်းတယ်ဗျာ သနားဖို.လည်း ကောင်းတယ်
    အနာဂါတ်မှာ ထွန်းလင်းနိုင်မဲ. ငွေကြယ်ပွင်.လေးတွေ ဖြစ်ပါစေဗျာ

    ReplyDelete
  3. မအိနဲ့ အတူပျော်နေတဲ့ ကလေးတွေ အမြဲတမ်း ပျော်ရွှင်ကြပါစေနော်။

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်