နေသာတဲ့နေ့တွေဆို ညနေတိုင်းလိုလို ကမ်းခြေဘက်ကို သွားလေ့ရှိတယ်။ အိမ်နဲ့လည်းသိပ်မဝေးဘူး၊ ရှင်းရှင်းပြော ရ ရင် ပင်လယ်ပြင်ရဲ့အရှေ့မှာ ကျမတို့နေတဲ့တိုက်တန်း လျားတွေတည်ရှိနေတယ်။
တကယ်တမ်းကျတော့ ပင်လယ်ကိုသိပ်ကြိုက်တာမဟုတ် ဘူးလေ၊ ပင်လယ်ပြင်ကြီးကိုတွေ့တိုင်း စိတ်ထဲထိတ်လန့် နေမိတယ်။ သူဟာ အပြစ်မရှိသလိုနေတတ်ပေမယ့် အဆ မတန် လူသားများရဲ့အသက်သွေးတို့ကိုဝါးမျိုသွားခဲ့ဖူးတာ ကို ကျမစိတ်ထဲစွဲနေတယ်။ ဒါကြောင့်မို့ သူ့ရှေ့ကိုရောက်တိုင်း သူ့ရဲ့အပြစ်တွေကို ပြန်လည်သတိရနေတတ်တယ်။
တခါတလေတော့လည်း ညနေဆည်းဆာနဲ့အတူ သူဟာအလွန်ကြည်လင်တောက်ပပြီး ဆိတ်ငြိမ်ခြင်းများကိုပါ ပေးနိုင်ရှိတယ်။ သူတပါးတို့ စိတ်ပြေလက်ပျောက်၊ စိတ်၏ထွက်ပေါက်များကို သူ့ဘက်ကပေးနိုင်စွမ်းရှိနေတယ်။ ဒါကြောင့် နေသာတဲ့ညနေဘက်တွေဆို သူ့ဆီကိုရောက်သွားလေ့ရှိတာ။
အေးဆေးငြိမ်သက်တဲ့ဆည်းဆာချိန်လေးမှာ တောင်တွေးမြောက်တွေး၊ အကြောင်းအရာမျိုးစုံကိုပြောကြရင်း ပင် လယ်ပြင်ကြီးနဲ့အတူ မှောင်မိုက်ခြင်းကိုရင်ဆိုင်ခဲ့ကြတယ်။ ထို့နောက် အားလုံးကိုနှုတ်ဆက်ကာ ကျောခိုင်းခဲ့တာ ပေါ့။

ကျွန်တော်လဲ ပင်လယ်ပြင်နားမှာနေပြီး ညနေတိုင်း ပင်လယ်အလှကိုငေးရင်း ဘာကြောင့်မှန်းတော့မသိ အိမ်ပဲပြန်ချင်နေမိတယ်ဗျာ။
ReplyDeleteပင်လယ်မှာ ရိုင်းပျတဲ့အမူအယာတွေရှိသလို နူးညံ့လှပတဲ့ ဂုဏ်သတ္တိလည်းရှိတာပေါ့ ညီမရေ...
ReplyDeleteပင်လယ်ကပေးတဲ့အလှတရားကို မြင်တတ်အောင်ကြည့်သွားပါတယ်...
တကယ်တော့ ပင်လယ်ကရိုင်းစိုင်းတာမဟုတ်ပါဘူး...လူတွေရဲ့သတိမမူမှုတွေကြောင့် ပင်လယ်ကြီးက တခါတရံမှာ ဂူမမြင်တတ်တာပါ