Saturday, June 19, 2010

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့


ဒေါ်အောင်ဆန်းစုကြည့်၏ ၆၅ နှစ်မြောက်မွေးနေ့
                     ၁၉ ဇွန်လ ၂၀၁၀
    
မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ …
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ …

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် …

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား …

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည် …

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု …

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင်သံကိုသာ တောင့်တပါ၏ …

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

ဤကဗျာလေးသည် ဒေါ်စု၏ကိုယ်ပိုင်ရေးကဗျာလေးဖြစ်သည့်အတွက် သူမကိုပိုမိုရိုသေပြီး ဂုဏ်ယူမိပါသည်။

2 comments:

  1. ဒေါ်စုမူရင်းကဗျာလေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးအထူးပါ.မအိ.. အလည်ရောက်ခဲ့ပါတယ်ခင်ဗျာ..

    ReplyDelete
  2. လာရောက်ဖတ်ရှုသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကိုအောင်ကျော်မင်း

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်