ဘ၀က ၁ မှ ၁၀ .. ၁၀၀ .. ၁၀၀၀ ရယ်လို့တက်သွားတာမျိုးမဟုတ်ပဲ၊ အမြဲလိုလို သုည (၀) ကနေ ပြန်ပြန် စနေရ တယ်။ အဲဒီလိုပြန်ပြန်စရတဲ့အဖြစ်ကတော့ အိမ်ခဏခဏပြောင်းရခြင်းကြောင့်ပါပဲ။ တစ်နေရာမှာ ၁ နှစ်ကျော် ကျော်လောက်နေပြီး နေသားကျသွားပြီးဆိုတာနဲ့ နောက်နေရာအသစ်တစ်ခုကို ပြောင်းရပြန် ရော။ အဲဒီအခါ ကျတော့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို တခါခွဲခွာရပြန်တယ်။ ပြီး တော့ နေရာအသစ်မှာ ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို အစကနေရင်းနှီးမှုရအောင် တဖန်ပြန်ပြီး တည်ဆောက်ရတယ်။
ဒီလိုနဲ့ပဲ နေရာတစ်ခုမှာ ၁ နှစ်လောက်နေလိုက်၊ နောက်နေရာအသစ်တခုဆီကိုပြောင်း၊ နေရာအသစ်မှာ လည်း ၁ နှစ်၊ ၂ နှစ်လောက်နေလိုက်၊ နောက်တခါထပ်ပြောင်းလိုက်၊ ပစ္စည်းလေးတွေစုဆောင်းထားလိုက်၊ ရွှေ့ရင်း ပြောင်းရင်းနဲ့ တချို့တ၀က်လျော့သွားလိုက်၊ ပြန်ဝယ်လိုက်၊ ပြန်လျော့သွားလိုက်နဲ့ သံသရာတွေလည် နေပါတယ်။
အခုလည်း ထပ်ပြောင်းရအုံးမယ်။ သုညကနေပြန်စရအုံးမယ်။
အိမ်ခဏခဏပြောင်းဖြစ်တယ်ပေါ့။
ReplyDeleteဒါဆိုနေရာစုံမှာနေဖူးတော့ကောင်းတာပေါ့။
မကောင်းတာက ပြောင်းရွှေ့ရလို့အားအင်ကုန်ခမ်းတာရယ်
ခုနက မအိပြောသလို နေရာသစ်မှာ လူသစ်တွေနဲ့မိတ်ဖွဲ့ဆက်ဆံရဦးမှာရယ်
ပစ္စည်းတွေ ထားခဲ့သင့်တာထား။ ပြန်ဝယ်သင့်တာဝယ်ရတာရယ်..
အင်း...
ဟုတ်ပနော်
တခါတလေကျတော့ လဲကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့ ၂နှစ် ၃နှစ်ထဲပိုမနေချင်တော့သလိုကိုဖြစ်လာတယ် :D

ကျွန်တော့်ဘ၀လည်းဒီလိုပါပဲ မအိရေ...
ReplyDelete