Wednesday, February 23, 2011

လွန်လေပြီးသောအခါ

အားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်နေသော်လည်း တခါတခါပြန်ပြီး သတိတရတော့ရှိသေးတယ်။ အချိန် ကာလမှာ ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိမိကိုယ်ကို ဟိုး ... အရင်တုန်းက ကလေးတစ်ယောက်လို ခံစားနေမိသေးတယ်။ အစွဲလန်းဆုံးဘ၀ကတော့ ကျောင်းသူဘ၀ပါပဲ၊ အပျော်ဆုံးဖြစ်ပြီး အရိုးသားဆုံးဘ၀လည်း ဖြစ်ခဲ့တယ်။ ဒီတစ်သက် ဘယ်တော့မှပြန်မရနိုင်တော့တဲ့ ဘ၀လည်းဖြစ်တယ်။ 

အဲဒီတုန်းက ဒီအချိန်ဆိုရင် ကိုယ်တို့နောက်ဆုံးအတန်းတင်စာမေးပွဲဖြေဆိုနေကြပြီပေါ့။ နွေရာသီကျောင်း ပိတ်ရက်ကိုလည်း ရောက်တော့မယ်။ သူငယ်ချင်းတွေနဲ့လည်း ခွဲခွာရတော့မယ်။ ကျောင်းပိတ်ရက် တွေမှာလည်း အလုပ်လုပ်ရတော့မယ်။ မမျှော်လင့်တဲ့ဘ၀တွေကိုလည်း ရှေ့ဆက်ကြုံရတော့မယ်ဆိုတာ မသိခဲ့ဘူး။ ဒီထက် မသိတဲ့အကြောင်းတစ်ခုကား ကျောင်းထွက်ရတော့မယ်ဆိုတာ တကယ်မမျှော်လင့်၊ မရည်ရွယ်ဆုံးအကြောင်းတစ်ခု ပါပဲ။ 


ကျောင်းပိတ်ပြီး ၃ ရက်အကြာမှာ အိမ်နဲ့ရွာ၊ မိဘနဲ့မောင်မနှတွေကို ခွဲခွာရတော့တာပဲ။ ခဏတဖြုတ်ပါပဲလေ လို့တွေးပြီး ရွာကထွက်လာခဲ့ပေမယ့် နှစ်တွေက အခုဆိုရင် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါပြီ။ အတိတ်ကို သတိရတဲ့စိတ်တွေက နေ့စဉ်နဲ့အမျှရှင်သန်နေပေမယ့် ရွာကိုပြန်သွားဖို့ရည်ရွယ်ချက်ကတော့ သေဆုံးခဲ့ပါပြီ။ ဘယ်တော့မှ မပြန်တော့ဘူးလို့လည်း ဆုံးဖြတ်ထားလိုက်ပါပြီ။ အတိတ်ရဲ့အငွေ့အသက်တွေကိုလည်း ဆက်ပြီး အသိအမှတ်မပြုချင်တော့ဘူး။ 



2 comments:

  1. စာကိုတိုတိုလေးပဲရေးပြီး အစနဲ့အဆုံးမစီလျော်သော်လည်း ဒီလောက်ဆိုရင် လုံလောက်ပြီလို့ ထင်မိတယ်။

    ReplyDelete
  2. ကျောင်းတက်ရတာပျော်တယ် စာကျက်ရတာပျင်းတယ် မအိ . . :P

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်