လူ့လောကအလည်မှာ လူရယ်လို့ဖြစ်လာကတည်းက ဘ၀တစ်ခုကိုအထူးပိုင်ဆိုင်ခွင့်ရလိုက်ပြီ။ အဲဒီဘ၀တစ် ခုထဲမှ ဘ၀ပေါင်းများစွာကိုလည်း ဆက်လက်ပြီးပိုင်ဆိုင်ခွင့်ရရှိခဲ့ပြန်တယ်။ ကလေးဘ၀၊ ကျောင်းသားဘ၀၊ လူငယ်ဘ၀၊ ဆယ်ကျော်အသက်အရွယ်ဘ၀၊ အပျို၊ လူပျိုဘ၀၊ ပညာတတ်ဘ၀၊ ပညာမဲ့ဘ၀၊ အလုပ်ကြမ်းသ မားဘ၀၊ သူဌေးဘ၀၊ ဆင်းရဲသားဘ၀၊ မိဘဖြစ်ရတဲ့ဘ၀၊ အဘိုး၊ အဘွားဖြစ်ရတဲ့ဘ၀၊ အစ်မ၊ အစ်ကိုဖြစ်ရတဲ့ ဘ၀၊ ဦးလေး၊ ဒေါ်လေးဖြစ်ရတဲ့ဘ၀ နာရ၊ အိုရ စတဲ့ဘ၀ပေါင်းများစွာတို့ကို မရေမတွက်နိုင်အောင် ပိုင်ဆိုင်ခဲ့ ကြရပါတယ်။
အထူးသဖြင့်အလုပ်သမားဘ၀ဟာ အလွန်ပင်ရှည်လျားလှတဲ့ဘ၀ခရီးကြီးတစ်ခုပင်ဖြစ်တယ်။ အလုပ်ဆိုတဲ့ မည်သည်မှာ တစ်ခုတည်းနဲ့ဘ၀ဆုံးသည့်တိုင်လုပ်ကိုင်သွားရရင်တော့ အဆင်ပြေသား။ သို့သော်အချို့သော လူတွေအတွက်ကတော့ ငြီးငွေ့စရာဖြစ်တယ်။ အဆင်မပြေတဲ့လူတွေအတွက်ကတော့ အလုပ်တွေအမျိုးမျိုး ပြောင်းကြရပါတယ်။ အလုပ်အတွင်း ဘယ်သူဘယ်ဝါနဲ့အဆင်မပြေတာရယ်၊ အလုပ်ပင်ပန်းလို့မလုပ်နိုင်တာ ရယ်၊ အလုပ်ရှင်မကောင်းလို့ ဆက်မလုပ်တော့တာရယ်၊ ကိုယ်ကမသေချာလို့ အလုပ်ထုတ်ခံလိုက်ရတာရယ်၊ အလုပ်လုပ်ခနည်းလို့ များများရတဲ့နေရာမှာရွေးလုပ်ချင်တာရယ်နဲ့ အလုပ်သမားဘ၀ဟာ အတည်တကျမရှိ ပြောင်းရွှေ့လို့မပြီးဆုံးနိုင်ဘူး။ ဒီကြားထဲ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်းများစွာတို့နဲ့ကြုံတွေ့ကြရ သေးတယ်။
အဲဒီဒုက္ခဆင်းရဲများလှတဲ့ဘ၀များကို လောကလူသားတိုင်းတွေ့ဆုံရမြဲဖြစ်ပါတယ်။ လူ့ဘ၀ဖြစ်ရတဲ့တစ်ခဏ တာမှာ များပြားလှတဲ့ဒုက္ခတို့ကို ရင်ဆိုင်ကျော်ဖြတ်ကြရတာ လူသားများနဲ့သတ္တ၀ါအပေါင်းတို့အတွက် အစွမ်း သတ္တိတစ်မျိုးပဲမဟုတ်လား။ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ဘ၀မျိုးဖြစ်ပါစေ၊ ဘယ်လောက်ပဲဒုက္ခဆင်းရဲတဲ့ဘ ၀မျိုးဖြစ်ပါစေ လူသားတို့ကျော်လွှားနိုင်ကြမြဲပါပဲ။ ဒါကြောင့်မနက်ဖြန်တိုင်းမှာရင်ဆိုင်ရမယ့် ဘ၀ခရီးများစွာ တို့ကို ခွန်အားအသစ်များနဲ့ကြိုဆိုနေရမယ်။ ။

မှန်တာပေါ့ဗျာ ... ဒီလိုပါပဲ ရုန်းကန်လှုပ်းရှားနေရအုန်းမှာပဲလေ ...
ReplyDelete