Thursday, November 5, 2009

အတွေးလေးထဲ ကြိတ်ရူး

သြော် ... တောင်ပိုင်းဒေသရယ်၊ မိုးရာသီတွေကုန်လွန်နေပါပြီ၊ ဆောင်းတွင်းရောက်လို့လာပြီမဟုတ်လား၊ အေးစက်သော (လေပြေ)လေးကို ခံယူချင်လှပြီ။ ပူအိုက်ခြင်း၊ စိုစွတ်ခြင်းများက ဒီဒေသတခုလုံးက တို့များကို (ငယ်နိုင်) တစ်ယောက်လိုပဲ အနိုင်ယူနေဆဲလား။ အချိန်တန်ပြီမို့ ကိုယ့်အိမ်ဖြစ်တဲ့ မိုးစက်များနားခိုရာ (မိုးစက်အိမ်) ကိုပြန်ကြပါတော့ကွယ်။ ကျန်ရှိနေသေးတဲ့အချိန်တိုတိုကာလမှာ တစ်မိုးလုံးထမင်းငတ်မ တတ်ဖြစ်ခဲ့ကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဆောင်းယွန်းလ)မှာ လုပ်ကိုင်စားသောက်ဖို့လိုနေပြီ။ အစိမ်းရောင် (အစိမ်းရောင် ကောင်မလေး) ချယ်သောနေ့ရက်တွေနဲ့အတူ၊ မိုးကောင်းကင် (မိုးထက်မြင့်) ထက်မှာ ကြယ်ကလေးများ (လင်းလက်ကြယ်စင်) လင်းလက်ကာ လမင်းကြီး (ညခင်းရဲ့လမင်း)ကထိန်ထိန် သာလို့ သာယာနေလို့ရှိရင် လူတွေအားလုံး အလုပ်နဲ့လက်မပြတ်သလို၊ ထမင်းနဲ့ဝမ်းလည်း မလတ်စေတော့ဘူးပေါ့ကွယ်။ လောကကြီးကို ပန်းရောင် (ပန်းရောင်ကောင်မလေး) မမြင်ရတဲ့ ပင်ပန်းခြင်းကြီးမားသော မြန်မာအလုပ်သမားများဟာ တနေ့နေ့ကျရင် ကိုယ့်တိုင်းပြည် ပြောင်းလဲလာပြီး အေးချမ်းတည်ငြိမ်စွာနေနိုင်လိမ့်မယ်လို့ စိတ်ကူးမျှော်မှန်း (စိတ်ကူးယဉ်အိပ်မက်) တွေရှိကြမကပဲ ဆုမွန်ကောင်းလည်း (မဆုမွန်) တောင်းလျက်ပါပဲလေ။ သူတို့ ကိုယ်တို့များရဲ့ဆုမွန်ကောင်းတောင်းခြင်းဟာ တနေ့နေ့တော့ (ပြည့်စုံ) လာလိမ့်လို့ယုံကြည်ပါ တယ်။
Image and video hosting by TinyPic


2 comments:

  1. တဂ်ထားပါတယ်ရှင်၊ နာမည်မပါသူများ စိတ်မကောက်ကြေးနော်၊ ၀ှားဝှားက မေ့တတ်တယ်နော့။

    ReplyDelete
  2. လာလည်သွားပါတယ်နော်
    မအိ c box မရှိလို့  ဒီမှာဘဲ commemt ပေးသွားတာပါ
    www.thetkoko.co.cc ကပါ
    အမ ဖွင့်ထားတဲ့သီချင်လေးလိုချင်တယ်ဗျာ

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်