
14-15/11/2009 ရက်နေ့က အခြေခံဥပဒေ (ရာဇ၀တ်မှု နှင့် တရားမမှု) ကို ထိုင်း-မြန်မာနှစ်ဘာသာလုံးနား လည်ရန် ရွှေ့ပြောင်းအလုပ်သမားထုကိုယ်စားလှယ်များကို သင်တန်းပို့ချပေးနေစဉ်။

စကားပြန်လုပ်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများစွာပေါ်ခဲ့ပါတယ်၊ အဲဒါဘာလဲဆိုတော့ မိမိပြန်ဆိုတဲ့ ဘာသာ စကားကိုသော်လည်းကောင်း၊ သင်တန်းအကြောင်းအရင်းကိုသော်လည်းကောင်း သင်တန်းတက်ရောက်လာသူ ရွှေ့ပြောင်းအလုပ်သမားများ တိတိကျကျရှင်းရှင်းလင်းလင်း နားမလည်မှာစိုးရိမ်မိတယ်။ ကိုယ်နားလည်သလို သူ တပါးက နားမလည်ဘူးဆိုရင် မိမိရဲ့လုပ်ဆောင်ချက်တွေဟာ အကျိုးမထိရောက်နိုင်ဘူး။
တချိန်တည်းမှာပဲ စကားပြန်လုပ်နေရင်း ဘာသာပါပြန်ရသေးတယ်၊ ထိုင်းစာကနေ မြန်မာစာဖြစ်အောင်ပေါ့လေ။ A4 တစ်မျက်နှာကို ၂ မိနစ်အတွင်း ပြီးအောင်ပြန်ပေးပါတဲ့၊ သိပ်တော်တဲ့ကောင်မလေးလို့ ထင်နေကြမှာပဲ၊ ချွေး ဘယ်တစ်လုံး၊ ညာတစ်လုံးရွဲပြီး မျက်စိတွေပြာသွားတာပဲ။ ကိုယ့်ဟာကို အိမ်မှာခေါင်းအေးအေးနဲ့ပြန်တာတောင် ၂ မိနစ်နဲ့ A4 တစ်ရွက်မပြီးနိုင်တဲ့ဥစ္စာကို။ အင်း ............
နောက်တစ်ခုကတော့ မိမိစကားပြန်နေတဲ့အချိန်မှာ အသေချာနားထောင်ခြင်းမရှိဘဲနဲ့ သူများရယ်စရာတွေပြော တဲ့အခါ၊ လေးနက်တဲ့အကြောင်းအရာတွေပြောတဲ့အခါမျိုးမှာ တစ်ယောက်ယောက်ကလက်ထောင်ကာ “ဘာလဲ၊ ဘာပြောတာလဲ” လို့ပြန်မေးတတ်တဲ့လူ။ ပြီးတော့ မိမိကမြန်မာလိုမခေါ်တတ်တဲ့စကားလုံးဆိုရင် သင်တန်းသူ၊ သားတွေကိုပြန်မေးလေ့ရှိတယ်၊ အဲဒါကို စိတ်မရှည်၊ လက်မရှည်မဲ့ရွဲ့ကာပြန်ပြောတဲ့လူတွေကလည်းရှိ။
အကြောင်းအရာသိပ်လေးနက်လာရင် အမှားပါမှာသိပ်စိုးရိမ်မိခဲ့တယ်။ ဒါပေမယ့်လည်း မဖြစ်မနေမှားဖြစ်အောင် မှားလိုက်သေးတယ်။ အဲလိုအခါမျိုးမှာဆိုရင် စိတ်ပါလွင့်ထွက်သွားပါတော့တယ်။ စိတ်တင်မကဘူး၊ လူပါထွက် ပြေးချင်စိတ်ပေါက်လာတယ်။ သို့သော်လည်း ရည်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ချက်ချင်းပြန်သတိသွင်းလိုက်ရတာ ပေါ့။ နို့မို့ ကိုယ့်လူမျိုးတွေအတွက် အခွင့်အရေးတွေဆုံးရှုံးသွားမှာလေ။
ဒီအလုပ်ကိုမကြိုက်တာ အမှန်ပါ၊ သို့သော် ဘ၀အခြေအနေကတွန်းပို့လို့ စင်မြင့်ပေါ်ရောက်ခဲ့ရတယ်။ တစ်ဖက် ကလည်း ဒီအလုပ်ကိုကျေးဇူးတင်မိတယ်။ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ တချို့သောကျွမ်းကျင်မှုတွေရရှိခဲ့ တာအမှန်ပါပဲ။



ဖတ်ပြီးရင် အကြံဥာဏ်တွေပေးသွားကြပါနော်။
ReplyDeleteဘာဖြစ်ဖြစ် စေတနာက အမကို အကျိုးပေးမှာပါ အမ . . . ကောင်းမွန်
ReplyDeleteဖြူစင်မွန်မြတ်တဲ့  အလုပ်ပါ . . . လူကတော့ မ တစ်ထောင်သားရယ်ဆို
တော့ အမအနေနဲ့  အမျိုးမျိုးကြုံတွေ့ ရမှာပေါ့ . . . အမအရည်အချင်းကို
လည်းလေးစား အားကျမိပါတယ် . . . အောင်မြင်ပါစေခင်ဗျ . . .
တကယ်ခက်ခဲပင်ပမ်းမယ့်အလုပ်ပဲ ဆိုတာ ကိုယ်ချင်းစာတယ် ညီမလေးရေ.. မဲဆောက်မှာ သတင်းသွားလုပ်တော့ ဘီဘီစီက ဘွားတော်ကြီးက လိုက်လာတယ် သူလဲ မေးချင်တာပေါ့ ကိုယ်လဲ တတ်သလောက် ဘာသာပြန်ရတာ..တော်တော်လေး အာရုံနောက်ရတယ်။။ ဒိကြားထဲ အသံဆူနေရင် ပိုနားအူလာရော ပျော်ဖို့တော့ကောင်းတယ် ကြိုးစားနော်
ReplyDeleteစာလာဖတ်သွားပါတယ် ညီမ။ ဘာသာစကား အကုန်လုံး အားနည်းလို့ ဘာသာပြန်တော့ တသက်လုပ်လို့ရမှာ မဟုတ်ဘူး။ တခါတလေ အင်္ဂလိပ်နဲ့ မြန်မာ ဘာသာပြန်ပေးဖူးတာ ရှိလို့ ဘာသာပြန်ခြင်းရဲ့ အခက်အခဲကို နားလည်တယ်။ ညီမရေ ဘာသာစကားအားသာတဲ့သူတွေ အတွက်တော့ ကျော်လွှားနိုင်တဲ့ အခက်အခဲတွေပါ။ အစ်မကတော့ ထိုင်းနဲ့ ထိုင်းမြန်မာ နယ်စပ်မှာ ၁၀ နှစ်ခန့်ကြာတာတောင် ထိုင်းလိုဆိုလို့ ဆ၀ါဒီနဲ့ စကားလုံးတချို့ပဲ သိတယ်။ ဘာသာစကားက ဒီလောက်ထိ အားကောင်းတယ်။
ReplyDeleteစေတနာအကျိုးပေးမှန်ရင် ပြန်လည်ခံစားရပါတယ်ဗျာ။
ReplyDelete