21 December 2009 .....
ဒီနေ့ဟာ ကျမနဲ့အမြဲ ကောင်းအတူ၊ ဆိုးအမျှ ခံစားတတ်သူ၊ အခက်အခဲပြဿနာများကို ကျမရှေ့ကအမြဲ မားမားမတ်မတ်ရပ်တည် နေတဲ့သူ၊ ကျမရဲ့အမှားများကိုအစဉ်ခွင့်လွှတ်နားလည်ပေးတတ်သူ၊ ကျမရဲ့မိဘ မောင်နှမနဲ့အသိုင်းအ၀ိုင်းကို ချစ်ခင်တွယ်တာသူ၊ ကျမ ရဲ့အနာဂါတ်ကို အမြဲရည်မှန်းချက်ကြီးကြီးထား တတ်သူ၊ ပြီးတော့ ကျမကိုသိပ်ချစ်တဲ့ ခင်ပွန်းသည်ရဲ့ မွေးနေ့ဖြစ်တယ် ........ သူ့မွေးနေ့ မှာ ကျမဘာမှမလုပ် ပေးနိုင်သော်လည်း သူ့အနားမှာအမြဲရှိတာ အမှန်ပါ။ သူ့မွေးနေ့ကိုရောက်မှ ထူးဆန်းတဲ့တစ်စုံတစ်ရာကို လုပ် ပေးလေ့ရှိတာ တော့မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ကိုယ့်ဘက်ကတတ်နိုင်တာလေးတွေကိုတော့ လုပ်လေ့ရှိပါ တယ်။
သူကြိုက်တတ်တဲ့ထမင်းဟင်းချက်ကျွေးတယ်၊ မနက်တိုင်းသူ့အတွက် ကော်ဖီနဲ့မုန့်ပြင်ပေးတယ်၊ သူ့အ၀တ် အစားများကိုလျှော်ပေး၊ မီးပူတိုက်ပေးတယ်၊ သူ့ပစ္စည်းပစ္စယများကို သေသေချာချာသိမ်းဆည်းပေးတယ်၊ သူနေထိုင်မကောင်းဖြစ်တဲ့အခါ သူ့ကိုနှိပ်ပေး၊ နင်း ပေးတယ်၊ ဆေးတိုက်တယ်၊ ပြီးတော့ ဘယ်ပဲသွားသွား သူမပါရင်မသွားတတ်ဘူး။ ဒါဟာ သူနဲ့ပေါင်းသင်းပြီးကတည်းကဖြစ်ပေါ်လာ တဲ့သံယောဇဉ်ပါပဲ။
သူ့မိဘနဲ့မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကိုလည်း ကျမကိုယ့်မိဘနဲ့မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်း တွေလိုသဘောထားပါတာ သူအသိဆုံးပါပဲ။ သူ့မိဘ၊ ကိုယ့်မိဘနဲ့ပတ်သက်လာရင် ကျမတို့ဇနီးမောင်နှံဟာ အထွေအထူးတိုင်ပင်စရာမလိုအောင် အလိုက်သိပြီး သားဖြစ်တယ်။ အဲဒါကလည်း ကျမတို့ဘ၀အတွက် ကြည်နူးစရာအကောင်းဆုံးပါပဲ။
ကျမနဲ့ပတ်သက်ပြီး သူတပါးတို့က အကောင်းပြောတာဖြစ်စေ၊ မကောင်းပြောတာဖြစ်စေ သူဂရုမစိုက်ခဲ့ဘူး၊ ဒါကြောင့်လဲဆိုတော့ ကျမအကြောင်းကို သူကောင်းကောင်းသိတယ်။ ကျမမှာ အခြားမိန်းကလေးတွေနဲ့မ တူတဲ့ ကိုယ်ကျင့်သိက္ခာများစွာထိမ်းသိမ်းတတ် ခြင်း၊ သူတပါးကိုမကောင်းမကြံ၊ မပြောတတ်သလို၊ သူတပါး ကောင်းစားရေးကိုလည်း ဘယ်တော့မှမနာသ၀န်တိုမဖြစ်ဘူးဆိုတာ သူ အပြည့်အ၀ယုံကြည်ထားတယ်။ သူ တပါးတို့ရဲ့ စကားအသယ်အပို့ကြောင့် ကျမအမြဲစိတ်ဆင်းရဲမှုဖြစ်ရတဲ့အခါ သူက ကျမကို လောကီ တို့ရဲ့အမှား ကို ခွင့်လွှတ်တတ်ရန် သွန်သင်တတ်တယ်။ အဲဒါကြောင့် ကျမဘ၀ဟာ တည်ငြိမ်စွာပင် ရပ်တည်နေနိုင်ခဲ့ပြီ။
ဒါကြောင့်မို့ သူ့ရဲ့မွေးနေ့တိုင်း (သို့) နေ့ဓဒူဝတိုင်းမှာ ကျမဟာ သူ့အနားမှာအမြဲပဲ တစ်သက်လုံးရှိသွားပြီး သူ့ဘ၀အေးချမ်းသာယာမှု များကို အစဉ်ပေးစွမ်းနိုင်သူဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလျက် ..........
ချစ်ဇနီး



မအိအိချောခင်ပွန်းရဲ့မွေးနေ့မှာ ချစ်သူမောင်နှံနှစ်ဦး ပျော်ရွှင်ကြပါစေဗျာ။
ReplyDeleteလောကမှာ ကြည်နူးစရာများကို ဖန်တီးနိုင်စွမ်းရှိဖို့ အရေးကြီးတယ်နော်
ReplyDeleteဒီနေ့ဟာ ခင်ပွန်းသည်ရဲ့ ၃၈ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ထပ်ပြီးတော့ ထွေထွေထူးထူးမရေးဖြစ်ပေမယ့်၊ မွေးနေ့ ဆွမ်းလှူကပ်ပြီး စိတ်ရောကိုယ်ပါကျန်းမာချမ်းသာအောင် လုပ်ပေးခဲ့ပါတယ်။
ReplyDelete