Saturday, December 26, 2009

ဆူနာမိ ၅ နှစ်ပြည့်

ဒီကနေ့ ဆူနာမိဘေးအန္တာရာယ်ကြီးဖြစ်ပွားခဲ့တာ ၅ နှစ်တောင်ကြာခဲ့ပြီ။ ၂၆၊ ၁၂၊ ၂၀၀၄ ခုနှစ်က ဆူနာမိဖြစ် ခဲ့စဉ်က ထိုင်းနိုင်ငံတောင်ပိုင်းဒေသများဖြစ်တဲ့ ရနောင်း၊ ဖန်ငါ၊ ဖူးကက်၊ ကရဘီ၊ စတွန်၊ တရန် (၆) ခုက ပြည် သူပေါင်းများစွာတို့ရဲ့အသက်ကို ယူဆောင်လေတဲ့ ဆူနာမိ ...။ အဲဒီထဲမှာမှ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့  ရဲ့အသက်ပေါင်းများစွာကိုလည်း တပြိုင်တည်းပါအောင် ယူဆောင်သွားလေတဲ့ ဆူနာမိ ...။



ဆူနာမိ ၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားဆီကို ကျမနဲ့ခင်ပွန်းသည် သွားရောက်ခဲ့တယ်။ အခမ်းအနား ကိုတော့ နမ္မခင်းကျေးရွာမှာ ပြုလုပ်ပါတယ်၊ ထိုင်းလူမျိုးတွေရော၊ မြန်မာလူမျိုးတွေရောပါဝင်ခဲ့ကြတယ်။ ပြီး တော့ ဆူနာမိရေလှိုင်းဒဏ်ကြောင့်အသက်ဆုံးရှုံးသွားရတဲ့သူတွေအတွက် ဗုဒ္ဓဘာသာ၊ အိဆလမ်၊ ခရစ် ဘာ သာတို့ဖြင့် အမျှဝေရေစက်ချခဲ့ကြတယ်။ 

ကျမတို့ကတော့ ကိုယ့်ဆွေမျိုးသားချင်းတွေ ဆူနာမိမှာပါသွားလို့ အဲဒီအခမ်းအနားကိုသွားရောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်လူမျိုးတွေပါသွားလို့ ကျန်ရစ်သူမိသားစုဝင်များနဲ့ထပ်တူထပ်မျှဝမ်းနည်းမိတဲ့ အတွက်ကြောင့်လို့ပဲ ပြောချင်ပါတယ်။ အဖြစ်အပျက်တွေက ၅ နှစ်တောင်ကြာခဲ့ပြီဆိုပေမယ့် အားလုံးရဲ့ရင်ထဲ မှာတော့ မနေ့တနေ့ကလိုပဲ ဖြစ်နေဆဲ ... ။ 

အထက်ကဓါတ်ပုံကတော့ မနက်ပိုင်း မိမိတို့ဘာသာသုံးမျိုးဖြင့် အမျှဝေရေစက်ချနေတဲ့အချိန်မှာ သေဆုံး သွားကြတဲ့ သတ္တ၀ါအပေါင်းတို့အတွက် နှင်းဆီဖြူနှင့်ဂါရ၀ပြုနေတာဖြစ်တယ်။ 
အောက်ကဓါတ်ပုံကတော့ ဆူနာမိပြတိုက် (သို့) လွမ်းဆွတ်ဖွယ်ရာ ဆူနာမိဓါးစာခံတို့၏ ဆုံဆည်းရာ လို့ခေါ် ပါတယ်။ 
  
မှတ်ချက်။     ။ သတင်းရေးတာမဟုတ်တဲ့အတွက်ကြောင့် အခမ်းအနားအစီအစဉ်နဲ့ အချက်အလက်များကို ရေးသားဖော်ပြချင်းမပြုလိုတော့ပါ။  

Image and video hosting by TinyPic

1 comment:

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်