ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကျမတစ်ယောက်ပျောက်နေတယ်လို့ လူအတော်များများက ထင်ပါလိမ့်မယ်၊ သိပ်မှန်တာပေါ့ .... ပျောက်နေတာ နဲနဲလေးပျောက်တာမဟုတ်ဘူး၊ တိတ်ဆိတ်စွာကိုပျောက်နေတာ။ ဘယ် တတ်နိုင်မလဲ မမျှော်လင့်တဲ့ကိစ္စတွေပေါ်ပေါက်လာခဲ့တာကိုး ...။ လောကမှာ မျှော်လင့်တာတွေဖြစ်လာဖို့ဆို တာ ရာခိုင်နှုန်းမပြည့်ပါဘူး။ အခုလည်း သိပ်ရင်းနှီးကြတဲ့သူငယ်ချင်းသူငယ်ချင်းနှင့် မိတ်ဆွေနှစ်ယောက်ဆုံး သွားပြီ။ အဖြစ်အပျက်တွေက ဆက်တိုက်ကြီးဆိုတော့ စိတ်အတော်ထိခိုက်မိခဲ့တယ်။ ဘာမှမလုပ်နိုင်၊ မကိုင် နိုင်ဖြစ်သွားတယ်။ ကျန်ရစ်သူမိသားစုကို သိပ်သနားကိုယ်ချင်းစာမိတယ်။
အင်းလေ ... သူ့အချိန်တန်ပြီလို့ပဲ သတ်မှတ်လိုက်ပါတယ်။ ကိုယ်လည်းအချိန်တန်ရင် သွားရမှာပဲမဟုတ်လား ဆိုပြီး ကိုယ့်ကိုယ်ကိုရော၊ မိသားစုကိုပါ နှစ်သိမ့်မိခဲ့တယ်။
ဒါနဲ့ နှစ်သစ်ကူးနားရက်တွေမှာ မိဘမောင်နှမတွေဆီကို သွားလည်ခဲ့တယ်။ ကိုယ်နေတဲ့နေရာနဲ့ မိဘတွေနေ တဲ့နေရာဟာ အလွန်ဝေးပါတယ်၊ ကား ၂ ရက်နီးပါးစီးရတယ်ဆိုပါတော့။ မိဘတွေဆီကိုရောက်တော့ စိတ် ပြေလက်ပျောက်ဖြစ်အောင်နေလိုက်တယ်။ နှစ်ပတ်လောက်နေပြီး ပြန်လာတယ်။ အလုပ်ခွင်ထဲပြန်ရောက် တော့ လုပ်စရာတွေအများကြီးတန်းစီပြီးစောင့်နေတာတွေ့ရတယ်။
အဲ ... အခုအားလပ်ချိန်လေးရတုန်း စာလေးငါးလုံးကောက်ရေးဖြစ်တာပဲပေါ့။ အကြောင်းကတော့ ဒါပဲလေ။

No comments:
Post a Comment
မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်