Friday, July 16, 2010

ပျော်ရွှင်တတ်တဲ့ သဘာဝလေး

နံနက်စောစော ကျောင်းသားကြိုပို့ကားကြီး အိမ်ရှေ့ရောက်လာ တာနဲ့ ကလေးတွေရဲ့အသံတွေကို အခန်းထဲထိကြားနေရတယ်။ ကလေးတွေရဲ့အသံဟာ ငိုတာရော၊ ရယ်တာ ရော၊ အော်နေတာရော စုံလို့ပါပဲ။ တချို့ကလေးလေးတွေကျတော့ မနက်အစောကြီးထပြီး ကျောင်းလာရတာ မို့ အိပ်ရေးမ၀တဲ့မျက်နှာလေးနဲ့ သုန်မှုန်ပြီးရောက်လာတာမျိုးလည်းရှိတယ်။ 

တချို့ကလေးတွေကလည်း မိဘတွေအလုပ်ထဲမှာမို့ ကိုယ့်ဖာသာကိုယ် လွယ်အိတ်ဆွဲပြီးကျောင်းကားအမှီလာ ရတာကြောင့် မျက်နှာလည်းမသစ်နိုင်၊ ရေလည်းမချိုးနိုင်၊ အ၀တ်စားလည်းမလဲနိုင်ကြဘူး။ 

ဒါတောင် သူတို့လေးတွေရဲ့ဘ၀မှာ အချိန်မရွေး၊ နေရာမရွေးပျော်ရွှင်နေနိုင်ကြတယ် .... ကျောင်းရောက်ရင် ပို ပျော်ကြတယ် .... သူတို့လေးတွေရဲ့ရယ်သံတွေကို နေ့တိုင်းကြားခွင့်ရခဲ့တယ်။ အထူးသဖြင့် နံနက်စောစောဆို ပိုမိုသာယာနေပါတယ်။ 

"အမေ .... ဒီဘက်မှာလေတိုက်နေတယ် .... အေးလိုက်တာ .... အရမ်းပျော်တာပဲ ဟူး။ ဟေး အရမ်းပျော်တယ် ....." ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့အသံဖြစ်တယ်။ နံနက်စောစောအေးချမ်းခြင်းကို လူကြီးတွေပဲခံစား တတ်ကြတာမဟုတ်ပဲ ... လောကရဲ့သဘာဝတရားကို ရိုးသားစွာခံစားတတ်တဲ့ကလေးငယ်လေးတွေလည်း ခံ စားတတ်နေပါပြီ။

2 comments:

  1. တားတားတို့ရဲ ကျော်တတ်ပါဒယ်...

းဝ)

    ReplyDelete
  2. ဖြူစင်တဲ့ သဘာဝလေးကို ဖော်ကျူးတာမို့ ဖတ်လို့ကောင်းတယ် နဲနဲတိုနေတယ် အမရေ ပျော်ရွှင်ပါစေနော်း)

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်