လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ယောက်ဟာ တွဲကာလမ်းလျှောက်ထွက်ခဲ့ကြ တယ်။ လမ်းမှာခွေးတစ်ကောင်က ဇနီးဖြစ်သူကို ဟောင်သတဲ့ကွယ်၊ ဒါနဲ့ခင်ပွန်းသည်မှာ အဲဒီဟောင်တဲ့ခွေးကိုဒေါပွကာ လိုက်ကန်သတဲ့လေ။ “ခွေး စုတ် ငါ့မိန်းမကိုမှ ဟောင်ရသလား” ပေါ့လေ။ ခွေးခမျာပြေးစရာလမ်းမှားရတဲ့အဖြစ်နဲ့ကြုံရလေရဲ့။ သြော့့်  ညား ခါစဇနီးမောင်နှံဆိုတော့ လောကကြီးက သူတို့အ တွက်ပန်းရောင်သမ်းနေဆဲပေါ့။ ခင်ပွန်းသည်မှာ အချစ်စိတ် တွေနိုးကြားထကြွနေဆဲကာလမို့ ချစ်ဇနီးကို တယုတယနဲ့ အိမ်ပြန်ခေါ် သွားလေရော။
နောက်သုံးနှစ်လောက်ကြာသွားတဲ့အခါ လက်ထပ်ပြီးခါစကလို ဇနီးမောင်နှံနှစ်ယောက်လမ်းလျှောက်ထွက်ပြန် ရောသတဲ့လေ။ အဲဒီတုန်းကလိုပဲ ခွေးတစ်ကောင်က ဇနီးဖြစ်သူကိုထွက်ဟောင်ပြန်တော့ ခင်ပွန်းသည်က ဇနီး ဖြစ်သူကို “ခွေးဟောင်ရအောင် နင်ဘယ်လိုလျှောက်နေတာလဲ” လို့ဟောက်ငေါက်ကာ ဒေါပွလေတယ်။ သြော့့်  အခုတော့ လောကကြီးဟာ ကာလာပြောင်းစပြုနေပြီပေါ့လေ။
သူလည်းရာသီတွေလိုပြောင်းတာနေမယ် :P
ReplyDelete