Wednesday, October 7, 2009

ကိုယ်နဲ့မတူ အသွင်တမူခြားသူ

လူတစ်ယောက်ကို သူ့ရဲ့ပြင်ပရုပ်လက္ခဏာတခုတည်းကိုကြည့်ပြီး ဒီလူရဲ့အကျင့်စရိုက်ကို မှတ်ချက်ချလို့မရဘူး၊ ပြီးတော့ သူတပါးနဲ့လည်း နှိုင်းယှဉ်လို့မရဘူး။ လူတိုင်းဟာအသွင်တူချင်မှတူမှာပါ။ အကျင့်စရိုက်ချင်းလည်းတူ ချင်မှတူမှာပါ။ အဲဒီလိုမတူကွဲပြားတဲ့ လူတွေကို ဟိုလူနဲ့နှိုင်း၊ ဒီလူနဲ့နှိုင်းလုပ်လို့မရပါဘူး။ လူတိုင်းမှာကွဲပြားခြား နားချက် တွေမရေမတွက်နိုင်အောင် များပြားစွာရှိကြပါတယ်။

တချို့ကမွေးကတည်းကပါလာတဲ့အကျင့်စရိုက်၊ ဒါမှမဟုတ် ထိုလူကြီးလာရတဲ့ပတ်ဝန်ကျင့်၊ မိဘဆွေမျိုးတို့ရဲ့ အသိုင်း အ၀ိုင်းကြောင့် ကြမ်းတမ်းတဲ့စရိုက်ပါလာသလို၊ သိမ့်မွေ့တဲ့စရိုက်လည်းပါလာနိုင်ကြပါတယ်။ အဲဒီလိုမတူ တဲ့စရိုက်ရှိသူတို့ နှိုင်းရင် ဘယ်သူမှကြိုက်မှာမဟုတ်ဘူး။ နောက်တခုကတော့ တူအောင်လည်း လိုက်တုကြမှာ မဟုတ်ဘူး။

အဲဒီထဲမှာ ကျမလည်းပါနေတယ်၊ ပါနေတယ်ဆိုတာကတော့ ကျမဟာ ကြမ်းတမ်းတဲ့စရိုက်ပိုင်ရှင်မဟုတ်ဘူးဆို တာ သေချာနေပါတယ်။ ကျမရဲ့အသွင်ဘယ်သူနဲ့မှမတူနိုင်ဘူး။ ထို့အပြင် သူတပါးနဲ့တူတဲ့စရိုက်မျိုးကိုလည်း ကျမ လိုက်ပြီးအတုယူမှာမဟုတ်ဘူး။ ကျမမှာမွေးရာပါ (ဒါမှမဟုတ်) ကျမကြီးပြင်းလာတဲ့ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း ကပေးလိုက်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့အကျင့်စရိုက်ပါလာပြီးသားပါ။

ကျမကို သူများနဲ့နှိုင်းတဲ့လူကို ကျမသနားနေမိတယ်။ “နင့်လို့မျိုးဆို ထမင်းပါငတ်မယ်”တဲ့၊ ကျမထမင်းငတ်ရ အောင်က အလုပ်မလုပ်တဲ့လူတစ်ယောက်လည်းမဟုတ်၊ အိမ်တကာမှာလိုက်တောင်းစားနေတဲ့လူတစ်ယောက် လည်းမဟုတ်၊ ဒါဆို ဘာလို့ထမင်းငတ်ရမှာလဲ။ အေးတိအေးစက်နေတတ်တာကို အားမလိုအားမရဖြစ်မိကြတယ် ထင်ပါရဲ့။

သေချာတာကတော့ ကျမအနေနဲ့ ကြမ်းတမ်းတဲ့အကျင့်မရှိဘူး၊ စရိုက်လည်းမရဘူး၊ လိုက်လည်းမတုနိုင်ဘူး၊ ဘာ ဖြစ်လို့လည်းဆိုတော့ အခုလိုရှိပြီးသားကိုယ့်ကိုယ်ကျင့်တရားနဲ့ကိုယ့်စရိုက်ဟာ ကိုယ့်လုံလောက်နေပါပြီ။ သိမ်မွေ့ တဲ့လူတယောက်အနေနဲ့ လောကကြီးထဲမှာ သင့်တင့်တဲ့ဘ၀နဲ့နေထိုင်မှုတို့ကိုပိုင်ဆိုင်ထားပြီးသားမို့၊ လူတွေမုန်း လည်းခံနိုင်တယ်၊ ချစ်လည်းခံနိုင်တယ်။

သိမ်မွေ့တဲ့စရိုက်ပိုင်ရှင်ဟာ ကြမ်းတမ်းသူများနဲ့ ဘယ်လိုမှပေါင်းသင်းလို့မရပါဘူး။ အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ သာရေးနာရေးကိစ္စကြောင့်ဖြစ်စေ၊ ဆက်ဆံရမယ်ဆိုပါက ထိုသူတို့မှာ ခဏခေတ္တသာ ဆက်ဆံပေါင်းသင်းကြမှာ ပါ။ သူနဲ့ကိုယ်နဲ့အသွင်မတူတော့ ဘယ်လိုမှလမ်းတစ်ကြောင်းတည်းကို လက်တွဲပြီးအတူလျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။

ကြမ်းတမ်းတဲ့စရိုက်ပိုင်ရှင်ကလည်း ထိုနည်းတူစွာပါပဲ။ အေးဆေးနေသူတို့ အားမလိုအားမရဖြစ်နေမှာပဲ။ “နင့်လို အေးတိအေးစက်နဲ့တော့ ထမင်းငတ်လိမ့်မယ်”လို့ပြောမှာပဲ။ နေရာတခါမှာ လျှာကြမ်းအာကြမ်းနဲ့ပြောတတ်ဆို တတ်သူဟာ ဘယ်လိုမှသိမ်မွေ့တဲ့နည်းနဲ့ ပြောဆိုတတ်မှာမဟုတ်ဘူး။ သူလည်းသူ့အကျင့်၊ သူ့စရိုက်နဲ့ နေ့ဓဒူဝ ကျင့်ကြံနေထိုင် အသက်ရှင်နေတာပဲ။

ကြိုးစားလျက်
Image and video hosting by TinyPic


2 comments:

  1. မအိရေ......
    သိမ်သိမ်မွေ့ မွေ့ လေး ဖတ်သွားပါတယ်။
    ငယ်ငယ်ကတည်းက သိမ်မွေ့ ဖို့ သင်ပေးခဲ့ကြတယ်။
    လူက ခုဆို ပိုပြီး ကြမ်းတမ်းလာသလားလို့ ဗျာ။။
    ပြုပြင်ရမယ်။ ပြုပြင်ရမယ်။

    ReplyDelete
  2. အိအိရေ
    လာဖတ်သွားပါတယ်နော့်။ လူတယောက်နဲ့ တယောက် စရိုက်ချင်း၊ သဘောထား အမြင်ချင်း ထပ်တူကျဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် မတူပေမယ့် ရည်မှန်းချက်တူတာရှိရင် တွဲလုပ်လို့ ရပါတယ်။

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်