ကျမတို့ဒေသမှာ အခုဆိုရင် တရက်တည်းမှာ ရာသီဥတုဒဏ်သုံးခုကို တပြိုင်တည်းခံနေရပါတယ်။ ညမိုးချုပ်ကစ ပြီး မနက်အစောပိုင်းအထိ အေးစက်တဲ့ဆောင်းလေပြေလေညှင်းဒဏ်ကိုခံရတတ်ပြီး၊ နေ့လည်ပိုင်း ကျတော့ တခါအရေသားကျက်မတတ်ပူပြင်းတဲ့နေပူဒဏ်ကိုခံရပြန် ရော၊ မွန်းလွဲပြီးညနေအေးမတိုင်ခင်အထိပြန်တော့လည်း မိုးတွေရွာချ ပါလေရော။ ကဲ ...... စုံနေရောပဲမဟုတ်လား။
ဒီလိုဆောင်းကာလကိုရောက်လာတိုင်း ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့တောရွာလေးကိုသတိရလိုက်တာ။ အခုချိန် လောက်ဆိုရင် ဟိုမှာအရမ်းအေးစက်နေတော့မှာပဲ။ အခုလိုမျိုးမိုးလည်းရွာမှာမဟုတ်ဘူး၊ တောတောင်ကြားမှာ ဖြစ်တဲ့အတွက်ကြောင့် မြူနှင်းစက်များဝေဆာနေတော့မှာသေချာတယ်၊ ဒီအချိန်ဆိုရင် ရေမိုးမချိုးရဲကြတော့တဲ့ ကာလလည်းဖြစ်တယ်။ အဲဒီအခါကျရင် ရေနွေးတည်ပြီးချိုးကြတာကိုလည်း သတိရနေမိတယ်။ အနွေးထည်အထူ ကြီးတွေဝတ်နေကြတာကိုလည်း သတိရတယ်။ ညဘက်ဆိုရင်လည်း မီးပုံကြီးတွေပုံပြီး မီးလှုံကြရင်း ပြောင်းဖူး၊ ထမင်းချမ်းခဲ၊ ကန်စွန်းဥ၊ ပီလောပီနံဥတွေကိုဖုတ်စားကြတဲ့အချိန်လေးကို အရမ်းလွမ်းမိတယ်။
ညအိပ်ရာဝင်တိုင်း မောင်နှမများကြားတိုးအိပ်ရတဲ့အရသာဟာ သိပ်ကိုနွေးထွေးလွန်းပါတယ်၊ စောင်တွေက လည်း တစ်ယောက်ကိုသုံးလေးငါးထည်စီလောက်ပိုင်ထားကြတာ။ အမေကတော့ ကျမတို့အားလုံးရဲ့အိပ်ယာ အောက်တည့်တည့်မှာ မီးငွေ့ငွေ့လေးပုံပေးထားတတ်တယ်။ ဒါဆို ပိုပြီးနွေးထွေးစွာအိပ် ကြရတာပေါ့။ အဲဒီအခါ ကျရင် လုံးဝမလှုပ်ရဲပဲအိပ်ကြတော့တာပဲ။ လှုပ်ရင် စောင်တွေလွတ်ကုန်မှာစိုးလို့၊ ပြီးတော့ခြေဖျားလက်ဖျားလေး တွေဆောင်းလေထိရင် အေးစက်ကိုက်ခဲလာရင် လွယ်လွယ်နဲ့ပြန်မနွေးနိုင်ဘူး။
ကြူထရံ၊ ကြမ်းခင်း ၀ါးအိမ်လေးမို့ ဆောင်းတွင်းတိုက်ခတ်နေတဲ့လေပြေလေးဟာ အိမ်ထဲကိုအလုအယက်ပြေး ၀င်တိုးဝှေ့နေကြတာကိုး။ တောသဘာဝအတိုင်း သူ့ရာသီနဲ့သူလိုက်ဖက်စွာနေထိုင်ခဲ့ဖူးတဲ့ဒေသလေးကို အရမ်းပဲ လွမ်းမိတယ်နော်။ အခွင့်အလမ်းရှိသေးရင် တခေါက်လောက်တော့ပြန်သွားချင်သေးတယ်။
အခုလိုမူမမှန်တဲ့ ရာသီဥတုဒဏ်ကိုခံနေရရင်း ဒီဒေသမှာမူမမှန်တဲ့ပတ်ဝန်းကျင်ကို ကျမအလွန်ပဲစိတ်ပျက်နေမိ တယ်။ ရွေးချယ်စရာတွေအများကြီးရှိရင် ဟောဒီဒေသမှာကျမတစ်ယောက်အခုလောက်ဆို အရိပ်တောင်မမြင်ရ တော့ဘူးထင်တယ်။
နွေးထွေးစွာဖြင့်


အိအိရေ ကျန်းမာရေးကို ဂရုစိုက်ဦးနော်
ReplyDeleteမိုးအကုန် ဆောင်းအကူးက ဖျားတာ နာတာ များတယ်
အတူတူပါပဲကွယ် ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်ရေ ကိုယ့်မြေမှာပဲ နေချင်တယ် :(
တရက်တည်းမှာ ရာသီဥတုသုံးမျိုးကိုခံစားနေရတယ် ဟုတ်လားညီမလေး
ReplyDeleteအိမ်ကိုလွမ်းတဲ့အကြောင်းလေးတွေကို ဖတ်ရတိုင်း အကိုလည်း ကိုယ့်အိမ်ကိုကိုယ်လွမ်းမိပါတယ်...ကိုယ့်ဇာတိရပ်ရွာလောက် ဘယ်နေရာမှာမှနေမပျော်တာ လူတွေရဲ့ သဘာဝပဲလားမသိဘူးနော်...
ကျန်းမာရေးလည်းဂရုစိုက်ပေါ့...
မအိရေ....
ReplyDeleteကျန်းမာရေး အထူးသတိပြု အဲလေ... အထူးဂရုစိုက်ပါနော်။
အိမ်တော့ လွမ်းနေကြတာပါပဲလေ။
အဆင်ပြေပျော်ရွှင်ပါစေနော်။
အဲ့မှာ အေးနေပြီလား အိအိရေ ဒီမှာောတ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလွန်းလို့လား မသိဘူး ဆောင်းအအေးဆိုတာ ဘယ်နားနေမှန်းမသိပါဘူး ပူစပ်ပူလောင်နဲ့ အသက်ရူရလဲကျပ်တယ် နောက် မိုးကလဲ နွားသိုးလိုပဲ ရွာချင်ရင် အုန်းဒိုင်းနဲ့
ReplyDeleteဟုတ်တယ်နော် ပို့စ်လေးထဲက အိအိ မိသားစုတွေနဲ့အတူ ပီလောပီနံဥ ကန်စွန်းဥဖုတ်စားခဲ့ရတဲ့ ဘ၀လေးကို မြင်မိတယ် ပျော်ဖို့ကောင်းမှာပဲနော်
ရွေးချယ်စရာတွေအများကြီးရှိရင် ဟောဒီဒေသမှာကျမတစ်ယောက်အခုလောက်ဆို အရိပ်တောင်မမြင်ရ တော့ဘူးထင်တယ်။။။။ဆိုတဲ့ စာသားလေးကို အကြိုက်ဆုံးပဲ