Wednesday, October 21, 2009

ရှေ့ပြေးနေတဲ့အတွေးများ


အင်း ... ဘ၀မှာဖြစ်ချင်တာတွေများလွန်းအားကြီးတော့ နောက်ဆုံးမှာ ဘာတစ်ခုမှဖြစ်မလာပဲ လောကဓံရဲ့ပူပြင်းမှု နဲ့အတူကျန်ရစ်လေသူပေါ့။ အရာရာကို ကိုယ်ကဖြစ်ချင် လွန်းလို့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်အပြည့်ရှိရဲ့ပါ နဲ့ ဘာဖြစ်လို့ ဘာတစ်ခုမှဖြစ်မလာတာလဲလို့တွေးမိပါ တယ်။ အဖြေကတော့ ကိုယ်ကပဲညံ့လို့ဖြစ်တယ်။ ဖြစ်ချင်၊ ရချင်ပေမယ့် ဇွဲမရှိ၊ ကြိုးစားအားထုတ်ခြင်းမရှိတော့ ဘာ ဖြစ်ရမှာလဲ။ နောက်မှာပဲကျန်ရစ်မှာပေါ့။ သူများခိုင်းဖို့ အတွက်ပဲကျန်ရစ်တော့တာပေါ့။

သြော် ... လူ့ဘ၀ဆိုတာ ရွေးချယ်ပြီးမွေးဖွားခွင့်မရှိပေမယ့် ရွေးချယ်ပြီး ဘ၀ကိုဖန်တီးခွင့်တော့ရှိတယ်။ ဒါကိုယုံကြည် နေတဲ့ကာလပတ်လုံးမှာ လူ့ဘ၀မှာဘာမှဖြစ်မလာဘူးဆို တာထက် ဘာမှဖြစ်မလာသေးဘူးလို့ပဲပြောရင် သင့်တော်မှာပဲနော်။ အသက်ရှင်နေသေးတဲ့ကာလမှာ တစ်ခုခု တော့ဖြစ်လာမှာပါ။ အဲ ဖြစ်ချင်တဲ့အရာများထဲက တစ်ခုပေါ့။ လူတိုင်းမှာမျှော်လင့်ချက်၊ ရည်ရွယ်ချက်ဆိုတာတွေ ရှိကြတာပဲလေ။ အဲဒီမျှော်လင့်ချက်၊ ရည်ရွယ်ချက်တွေကို အကောင်အထည်ပေါ်လာစေလို့တဲ့လူတွေချည်းပဲဆို တော့ အကောင်းဆုံးကိုရည်ရွယ်ကြံဆပြီး၊ ကြိုးစားလုပ်ဆောင်သွားရင် ဘာမဆိုတချိန်ကျရင် ဖြစ်ကိုဖြစ်လာမှာပဲ။ အဲဒါကိုယုံကြည်ထားပါတယ်။
Image and video hosting by TinyPic


7 comments:

  1. ဖက်တီးမလေးရဲ့ဓါတ်ပုံပါ၊ တွေ့ရင်မလန့်ကြပါနဲ့နော် ဟီးဟီး

    ReplyDelete
  2. အိအိရေ ယုံကြည်ချက်သာ ရှိမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး သူငယ်ချင်းရေ
    မဖြစ်သေးတာပဲ ရှိပါတယ် :)
    စကားမစပ် ဓာတ်ပုံထဲက ကောင်မလေးက ချစ်စရာလေး :)
    မျက်မှန်ချင်းတူတူ အားပေးသွားပါတယ် ဟိဟိ

    ReplyDelete
  3. အကောင်းဆုံးကိုရည်ရွယ်ကြံဆပြီး၊ ကြိုးစားလုပ်ဆောင်သွားရင် ဘာမဆိုတချိန်ကျရင် ဖြစ်ကိုဖြစ်လာမှာပဲ။ အဲဒါကိုယုံကြည်ထားပါတယ်။
    မှန်တယ် မအိရေ...
    အောင်မြင်ပျော်ရွှင်ပါစေနော်။
    ဖက်တီးလေးက ချစ်စရာလေး။ ဟိဟိ

    ReplyDelete
  4. အကောင်းဆုံးကိုရည်ရွယ်ကြံဆပြီး၊ ကြိုးစားလုပ်ဆောင်သွားရင် ဘာမဆိုတချိန်ကျရင် ဖြစ်ကိုဖြစ်လာမှာပဲ။..........
    ဖြစ်ရမှာပေါ့ ညီမရေ စိတ်ကို ဘယ်အတွက်နဲ့မှ မလျော့မိစေနဲ့

    ReplyDelete
  5. ယုံကြည်နေသမျှဖြစ်လို့ရတယ်လေညီမလေးရေ
    ဆက်လျှောက်

    ReplyDelete
  6. ဖြစ်ချင်တာတွေများပြီးဘာမှ မဖြစ်လာဘူးဆိုတဲ့ စာစုလေးကို သဘောကျတယ်
    အဲဒါ ဘ၀နဲ့ရင်းပြီးမှ ရတဲ့ အတွေ့အကြုံဆိုတာ မြင်မိတယ်။
    ကျနော်လည်း ဖြစ်ခဲ့ဖူးတယ်....။
    အဓိကက စိတ်ကို အေးအေးထားပါ
    အခြေခံအကျဆုံးကို ပထမဆုံး ဖြေရှင်းရမှာပဲ
    အားလုံးတော့ ဖြစ်မလာနိင်ပေမယ့် ဘာမှ မဖြစ်လာဘူးဆိုတဲ့ အဆင့်ကိုတော့
    ကျော်လွန်သွားမှာပါ...။
    ကျနော်လည်း ဖြစ်ခဲ့ဖူးလို့ပါ...။

    ပထမဆုံးရောက်ဖူးတာပါ (ခင်ခင်မင်မင်ပဲ ကွန်မန့်ပေးသွားပါတယ်နော်)

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်