Thursday, February 11, 2010

ဆုမွန်ကောင်းပို့သလျက်

သိပ်ဝမ်းနည်းမိပါတယ် ဘ၀မှာမမျှော်လင့်တာတွေအများကြီးဖြစ်လာတယ်၊ မလိုအပ်ဆုံးအရာတွေပေါ့ ကိုယ့် ကိုယ်ကိုအကြိမ်ကြိမ်မေးခွန်းထုတ်မိတယ် ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ ကိုယ့်မှာအတိတ်ရဲ့ ၀ဋ်ကြွေးက မကုန်းသေးလို့လား၊ ရှေ့ဆက်ပြီး ဘယ်လောက်အထိပေးဆပ်ရအုံးမလဲ၊ ဘ၀မှာအကြိမ်ကြိမ်ကျရှုံး နေပါပြီ။ ဆက်လက်အသက်ရှင်ဖို့အတွက် အင်အားတွေကုန်ခန်းနေပြီ။

အမှတ်တရနေ့ရက်တွေဆိုတာ တို့အတွက်ရှိခဲ့ဖူးလို့လား ... မမှတ်မိသလိုဖြစ်နေတယ်၊ ဘယ်အကြောင်းကို အတည်ပြုပြီး အမှတ်တရရယ်လို့ အသိအမှတ်ပြုရမှာလဲ၊ မရှိဘူးမဟုတ်လား၊ ဒါဆိုရင် ဘယ်အကြောင်းကို အတည်ပြုပြီး ရှေ့ဆက်ဖို့လိုသေးလဲ။ လူတိုင်းဟာ မိမိတို့ရဲ့စိတ်အေးချမ်းရာ၊ စိတ်ကျေနပ်ရာ၊ စိတ်ပျော်ရွှင်ရာ အရပ်၌သာနေချင်ကြတယ်။ နေ့စဉ်နှင့်အမျှ စိတ်မကြည်လင်၊ စိတ်မပျော်ရွှင်ဖြစ်နေရမယ်ဆိုရင် ကြာလာ လေ လူ့ဘ၀ဟာသိမ်ငယ်ညှိုးနွမ်းသွားလိမ့်မယ် ...။ 

ဒီဘ၀မှာ အားလုံးအတွက် ကောင်းမှုကုသိုလ်များရရှိကြပါစေလို့ အမျှအတမ်းဝေပါတယ်၊ ဆက်လက်ပြီးလည်း အေးချမ်းတည်ငြိမ်စွာ အသက်ရှင်သွားနိုင်ကြပြီး ကိုယ်တို့ရဲ့နောက်ဘ၀ကောင်းစားဖို့အတွက် ကောင်းမှုများပြု လုပ်နိုင်ကြပါစေ၊ ရခဲတဲ့လူ့ဘ၀ကို အထူးအေးချမ်းစွာနေနိုင်ကြပါစေ၊ သတ္တ၀ါများအားလုံးအချင်းချင်းမေတ္တာ တရားပွားများကြပါစေ လို့ဆုမွန်ကောင်းပို့သလိုက်ပါတယ်။       ။




2 comments:

  1. ဟင်း .....အားတင်းဗျာ ... အားတင်ထားပါ ...

    ReplyDelete
  2. 3 comments:

    နေနော်နှင်းမိုး said...

    မှန်ကန်စွာချစ်တတ်သူတစ်ယောက်အဖို့  ( အချစ်)
    ဆိုတာ လူသိရှင်ကြားဖြစ်ဖို့ မလိုအပ်တော့ပါဘူး။။။။။။
    အဝေးကြီးကနေ လူမသိ,သူမသိ တိတ်တိတ်ကလေး
    ချစ်ရသော အချစ်သည်,,,ရင်ထဲကသစ္စာတရားကိုယ်
    ပိုပြီတော့ဂုဏ်ရှိနေမှာပါ,,,
    " တစ်ခါတစ်ခါကျတော့လည်း ဦးနောက်နဲ့ ဆုံးဖြတ်ခဲ့တဲ့ အရာတစ်ခုကလဲ ( လည်း )
    နှလုံးသားရဲ့ ခံစားမှူ့ တစ်ခုလောက်နှုးညံ့
    သိမ်မွှေခြင်းဆိုတာမရှိပေမဲ့ ထာဝရဆိုတာ
    ကတော့ ( သေတဲ့ အထိ )သေချာပါတယ်,,,
    January 6, 2011 9:59 PM
    နေနော်နှင်းမိုး said...

ှုI 'll always remember you as long as i live, my love for you should
    have ended long ago,,But deep down
    in side of me ,I can feel the aglow.Do not compromise your repu-
    tation by cheating,A fter you must
    not cheapen your self,.....I'm cherished one of your life!,,,
    Don't do with kick against the pricks!..I'm praide perevents you from doing anything dishonourable i promis to you,,
    January 6, 2011 10:01 PM
    နေနော်နှင်းမိုး said...

    ငါမင်းကိုအသက်ထက်ဆုံးသတိရနေပါတယ်,,,,,
    မင်းကိုချစ်တဲ့ငါ့အချစ်ကပြီးဆုံးသင့်တာကြာပါပြီး,,,,
    ဒါပေမဲ့,,,ငါ့ရင်နှလုံးသားထဲမှာ မင်းကိုနက်နက်ရိုင်း
    ရိုင်းရှိနေပါတယ်။ လိမ်ညာခြင်းနဲ့ မင်းကိုယ်မင်းတန်ဘိုး
    မကျပါစေနဲ့ ,,
    ငါလေ,, မင်းဘ၀တစ်ခုလုံးကိုယ်ယုယပိုက်ထွေးထားချင်တာပါ,
    အဓိပါယ်မဲ့ မင်းရဲ့ လုပ်ရက်တစ်ခုကြောင့် ကိုယ်
    ကျိုးမထိခိုက်စေနဲ့,,ငါကိုယ်လည်းနာကြင်အောင်မ
    လုပ်ပါနဲ့, မင်းရဲ့ဂုဏ်သိက္ခာကျမဲ့အလုပ်မှန်သမျှ ငါ
    ဘယ်တော့မှ မလုပ်ပါဘူး,,'ဒီအတွက် ငါဂတိပေး
    ပါတယ်,,,,ချစ်သူ,,
    January 6, 2011 10:03 PM

    Post a Comment

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်