24-26 Feb 2010 ကတခါမှမရောက်ဖူးတဲ့ တရန်ခရိုင်ကို လူမှုရေးအသင်းသားများနဲ့အတူလိုက်ပါသွားခဲ့တယ်။ အဓိကလိုက်ပါသွားရခြင်းအကြောင်းရင်းကတော့ ထိုင်း-မြန်မာစကားပြန်အနေနဲ့ပေါ့။ ကျမနေတဲ့ဖန်ငါခရိုင်နဲ့ တရန်ခရိုင်ဟာ ကီလိုမီတာပေါင်း ၂၀၀ ကျော်ထိဝေးပါတယ်။ ကားဖြင့်သွားရင် ၄ နာရီဝန်းကျင်စီးရပါတယ်။ ကြားမှာ ကရဘီခရိုင်တခုလည်းခြားနေသေးတယ်။
နွေရာသီပူပူကျဲကျဲအောက်မှာ ကားစီးပြီးတရန်ခရိုင်ကို ၄ နာရီကြာအောင်သွားရတာ အလွန်ပင်ပန်းမိတယ်။ ဒါပေမယ့် အများအတွက်အကျိုးဖြစ်စေပြီး မိမိအတွက်လည်းဝင်ငွေရတဲ့အပြင် ခရီးသွားဗဟုသုတလည်းရစေ ပါတယ်။
၂၄ ရက်နေ့ ၁၀ နာရီကျော်ကျော်လောက်မှာ လူမှုရေးအသင်းတခုရဲ့တာဝန်ရှိတစ်ဦးက ကျမကိုဖုန်းဆက်ပြီး တရန်လေ့လာရေးခရီးစဉ်အတွက် ထိုင်း-မြန်မာစကားပြန်တစ်ဦးအမြန်ဆုံးလိုအပ်နေတယ်လို့ ပြောလာတယ်၊ အဲဒီအချိန်မှာ ကျမဖြင့်ဘာမှမသိ၊ အစီအစဉ်မရှိပဲ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ်။ အဲဒါနဲ့ ဒီခရီးစဉ် ကိုလိုက်ဖို့ ချင်းချက်အဖြေပေးလိုက်ပြီး အ၀တ်အစားကောက်ထုတ်ပြီး ကားပေါ်တက်ခရီးထွက်သွားရတယ်။
တရန်ခရိုင်ကို နေ့လည် ၁ နာရီကထွက်သွားကြတာ ညနေ ၅ နာရီဝန်းကျင်မှာရောက်ကြတယ်။ ရောက်တာနဲ့ အားလုံးပင်ပန်းနေကြလို့ အသီးသီးအနားယူကြတယ်။
၂၅ ရက်နေ့ မနက်စာစားပြီးကြတာနဲ့ ဒေသခံထိုင်းလူမှုရေးအသင်းတခုကနေပြီး မိမိတို့လုပ်ငန်းစဉ်များနှင့် ဖွဲ့ စည်းပုံများကိုရှင်းလင်းပြောပြခဲ့တယ်။ တရန်ခရိုင်မှာ ထိုင်းဗုဒ္ဓဘာသာ၊ မူစလင်၊ တရုတ်မျိုးနွယ် သုံးဘာသာရှိ ပြီး ဒေသရဲ့အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှာ ရာဘာခြံလုပ်ငန်း၊ တံငါရေလုပ်ငန်း နှင့် စိုက်ပျိုး ရေးလုပ်များဖြစ်တယ်။
ထိုင်းလူမှုရေးအသင်းရဲ့အဓိကလုပ်ငန်းစဉ်ကတော့ ဒေသအတွင်းရှိသဘာဝအရင်းအမြစ်များကို ထိန်းသိမ်း ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်တယ်။ ပင်လယ်နှင့်မြစ်ဖျားခံဒေသရှိကျေးရွာလူထုများကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်း စတဲ့လုပ် ငန်းဖြစ်တယ်။ အထူးသဖြင့် ပင်လယ်ရေနှင့်မြစ်ဖျားခံကျေးရွာများ ဒီရေသစ်တောထိန်းသိမ်းရေး၊ ရေအောက် ရှိသဘာဝရေသတ္တ၀ါများထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကိုနှစ်ရှည်လများပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်တယ်။
ယခင်ပုဇွန်မွေးမြူရေးလုပ်ငန်းဖြင့် ဆုံးရှုံးခဲ့တဲ့မြေကွက်လပ်နေရာဟောင်းမှာ ဒနိတောစိုက်ပျိုးရေးပြန်လည် လုပ်ဆောင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသော ကျေးရွာများလည်းရှိတယ်။ ဒနိဖက်များကို အိမ်မိုးရာတွင် အသုံးပြုတဲ့အပြင်၊ ဖက်နုများကို ဆေးလိပ်လိပ်သောက်တဲ့ကျပ်ဖက်အဖြစ်လည်းလုပ်ကိုင်ကြတယ်။ ဒနိဖက် ကျောရိုးကိုလည်း မီးဖိုချောင်းသုံးပစ္စည်းများအဖြစ် လက်မှုပညာရပ်ဖြင့် ပြန်လည်အသုံးပြုကြတယ်။ ဥပမာ - ထစ်ရှူးစက္ကူလိပ်ထည့်တဲ့ချင်း၊ ကြက်သွန်ထည့်တဲ့ချင်း၊ ထမင်းစားပွဲအုပ်ဆောင်း စတာတွေကိုယက်လုပ်ကြ တယ်။ ဒနိရည်ကိုလည်း သကြားပြုလုပ်ကြတယ်။
ကုန်း (ခရု)၊ ကမာတို့ကို ထိန်းသိမ်းမွေးမြူရေးလုပ်ငန်း၊ ဂဏန်းအပျော့မွေးမြူရေးလုပ်ငန်း စတာတွေလည်း ကျေးရွာလူထုအများစုရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တယ်။
ကျမအနေနဲ့ အရင်မသိခဲ့တဲ့အတွေ့အကြုံများကို အခုလိုမျိုးသွားရောက်တွေ့ကြုံလေ့လာခွင့်ရခဲ့တာ စကားပြန် ခြင်းလုပ်ငန်းကို အထူးကျေးဇူးတင်မိတယ်။ စကားပြန်လုပ်ရတာ အလွန်တာဝန်ကြီးပြီး ပင်ပန်းပေမယ့် အရာ တိုင်းမှာ မိမိကသာအလုံးစုံကိုအပြည့်အ၀နားလည်ပြီးမှသာ အခြားသူများကိုပြန်လည်ရှင်းပြပေးရတာမို့ မိမိ အတွက်လည်း များစွာအကျိုးဖြစ်ထွန်းစေပါတယ်။

ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကို ဘာသာပြန်ရတဲ့အခါ အခက်အခက်ရှိနိုင်မယ်လို့ ထင်မိတယ်။
ReplyDeleteဘာပဲဖြစ်ဖြစ် ပညာလည်းရ ဝမ်းလည်းဝတဲ့ ခရီးမို့ အကျိုးဖြစ်ထွန်းစေမှာ အမှန်ပါပဲဗျာ...
းဝ)