Monday, February 15, 2010

ဆူနာမိ ကြိုတင်ပြင်ဆင်ခြင်း

14.2.2010 ရက်နေ့က ဒေသအတွင်းရှိ ထိုင်းလူထုအတွက်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ကိုယ်စားလှယ် ၄ ဦးအပါအ၀င် သသာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ကိုယ်စားလှယ်တစ်ဦးတို့မှ နောက်တစ်ကြိမ်ထပ် ဖြစ်မည့် ဆူနာမိသဘာဝဘေးအန္တာရာယ်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါ တယ်။ 

အဓိကဆွေးနွေးကြတာကတော့ ပင်လယ်ကမ်းခြေဒေသအတွင်းမှာနေထိုင်လုပ်ကိုင်လျက်ရှိကြတဲ့ ထိုင်းလူထု နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နောက်တစ်ကြိမ်ထပ်ဖြစ်မယ့်ဆူနာမိငလျင်လှိုင်းဒဏ်မှ လွတ် မြောက်အောင် ထိုင်းမြန်မာအတူတကွပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ 

တဆက်တည်းမှာပဲ ဆူနာမိလှိုင်းဟာ ပင်လယ်ကမ်းခြေရွှံ့မြေဒေသမှာပေါက်နေတဲ့သစ်ပင်များကို မတွန်းလှန် နိုင်ဘူးဆိုတာသက်သေရှိခဲ့ဖူးတယ်။ ဒါကြောင့် သစ်ပင်စိုက်ပျိုးရေးစီမံကိန်းကို အခုကတည်း ပင်လယ်ကမ်း ခြေတစ်လျှောက်မှာ စတင်စိုက်ပျိုးကြဖို့ ဒေသခံလူထုကိုအသိပေးနှိုးဆော်လိုက်ပါတယ်၊ အခုလိုမျိုးသစ်ပင် တွေကို စိုက်ပျိုးရခြင်းမှာလည်း ကမ္ဘာကြီးပူနွေးခြင်းဒဏ်ကို ကာကွယ်နိုင်တာဖြစ်ပါတယ်။

နောက်တကြိမ်ဆူနာမိထပ်ဖြစ်မယ်ဆိုတဲ့သတင်းဟာ ထိုင်းနိုင်ငံမိုးလေ၀သဌာန နှင့် သိပ္ပံပညာရှင်များ၏ ကြို တင်လေ့လာတွေ့ရှိချက်အရ မှန်ကန်တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ပင်လယ်ကမ်းခြေဒေသမှာ နေထိုင်ကြတဲ့ လူထုတရပ်လုံးကို ကြိုတင်သတိပေးပြီး လူထုဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထား နိုင်အောင်ဖြစ်ပါတယ်။၂၀၁၀ နှစ်အလယ်ပိုင်းမှာ အိန္ဒိယပင်လယ် ဘယ်အပိုင်းမှာရေအောက်ငလျင်လှုပ်မလဲ ဆိုတာတော့အသေချာမသိပါ။ 

လူထုအနေနဲ့ကြိုတင်ပြင်ဆင်ရန်
၁။ မိမိတို့ မိသားစုဝင်များနှင့် ဆုံမှတ်တခုသတ်မှတ်ထားကြရန်
၂။ အရေးကြီးတဲ့ မိမိတို့ရဲ့စာရွက်စာတမ်းများကို ကျောပိုးအိတ်ထဲအဆင်သင့်လုပ်ထားရန်
၃။ ဓါတ်မီး၊ သောက်ရေ၊ ဆေးဝါး နှင့် လိုအပ်တဲ့ပစ္စည်းများအဆင်သင့်ပြင်ဆင်ထားရန်
၎။ လွတ်မြောက်ရာအရပ် (သို့) သတ်မှတ်ထားတဲ့ဆုံမှတ်တခုကိုသိရှိထားရန်
၅။ ဒေသအတွင်းမှ ရေဒီယို၊ တီဗွီသတင်းများကို အစဉ်မပြတ်လေ့လာရန်
၆။ မိမိတို့ပတ်ဝန်းကျင်အတွင်းရှိ လူထုနှင့်အတူ အမြဲနိုးနိုးကြားကြားဖြစ်နေရန်
၇။ သဘာဝအနေအထားနှင့် တရိစ္ဆာန်များရဲ့အပြုအမူပြောင်းလဲခြင်းများကို ဂရုစိုက်ရန်

ဆူနာမိဖြစ်တဲ့အခါမှာ မိမိအနေနဲ့လွတ်မြောက်ရာအရပ်ကိုအရင်ဆုံးလွတ်အောင်ပြေးပါ၊ အကယ်၍ အခြားလူများကိုကယ်ဆယ်ကူညီချင်ပါက ဒေသခံကယ်ဆယ်ရေးအဖွဲ့မှဝန်ထမ်းများနဲ့ပေါင်းပူးကာ ကူညီနိုင်ပါတယ်။

ကျမရေးသားတင်ပြလိုက်သောအကြောင်းအရာသည် ကျမ၏ကိုယ်ပိုင်ဖန်တီးခြင်းမဟုတ်ပါ၊ ကိုယ်တိုင်အနေ နဲ့ အထက်ပါဆွေးနွေးပွဲကိုတက်ရောက်၍ လေ့လာခဲ့ပြီးမှအခုလို သတင်းဖလှယ်လိုက်ခြင်းဖြစ်ပါတယ်။

3 comments:

  1. စာဖတ်သူများရှင် ...... လိုအပ်ထာလေးများတွေ့ရင် ဖြည့်စွက်ပေးကြပါနော်

    ReplyDelete
  2. ဘယ်နေရာမှာမဆို သစ်ပင်စိုက်တာတော့ လွန်မယ်မထင်ပါဘူး။
    လှိုင်းဒဏ်ကို ကာကွယ်ဖို့ သစ်ပင်တွေပိုစိုက်လာမယ်ဆိုတော့ ပိုအဓိပ္ပာယ် ရှိသွားတာပေါ့...

    ကြိုတင်ပြင်ဆင်ရန် အချက်တွေကို ဒီ့ထက်ပိုပြီး လူအများထံ မျှဝေပေးနိုင်မယ် ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်...

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် ကိုလူထွေး ... ကျမတို့ဒေသမှာအဲဒါတွေကို မြန်မာလူ ထုရော၊ ထိုင်းလူထုပါ သတင်းဖြန့်ဝေနေပါတယ်။

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်