သူငယ်ချင်းတို့ရေ ပို့စ်အသစ်လေးမတင်နိုင်တာ အခြားအကြောင်းကြောင့်တော့မဟုတ်ပါ၊ အခုတလော မိုးရာသီကုန်စင်ခါနီး ဆောင်းရာသီအကူးမှာ မိုးနဲ့ဆောင်းလေအေးတို့ လမ်းဆုံ မိကာ အချင်းချင်းမိတ်ဆက်နေကြရင်း ကြားမှာရှိနေတဲ့ ကိုယ်တို့လိုနုနယ်တဲ့လူသားတွေက တော့ နှာချေ၊ ချောင်းဆိုး၊ မျက်စိနာ စတာတွေဖြစ်ပြီး ကျန်ရစ်ကြတယ်၊ ကိုယ်တို့နေတဲ့နေ ရာမှာ လူအတော်များများ ကလေးအပါအ၀င်ပေါ့လေ အဲဒီဝေဒနာတွေခံစားနေကြရတယ်။ ကိုယ်လည်းအဲဒါကို ကြောက်လို့ ဝေးဝေးကရှောင်တယ်။ ကိစ္စမရှိရင် အိမ်ထဲကအိမ်ပြင်မထွက်ပဲနေတယ်၊ ဒီကြားထဲမှာမှ ရှောင်ရင်း ရှောင်ရင်းနဲ့ တနေ့မှာ မျက်စိနာနေတဲ့၊ ဖျားနေတဲ့လူတွေနဲ့ ၁ နာရီကျော်ကျော်လောက်သွားရတဲ့ ခရီးတခုကို အတူသွားကြရတယ်၊ အဲဒီမှာ ကျေးဇူးရှင်ကကိုယ့်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးတော့ပါ။ အင်းပေါ့လေ ဘာပဲဖြစ် ဖြစ် အားလုံးထပ်တူထပ်မျှခံစားကြမယ်ဆို .......... ။ အေးလေး မှတ်ထားပေါ့ အခုတော့ထပ်တူထပ်မျှခံစားနေရပါ ပြီ။ ကြေနပ်ပါတယ်ကွယ်။ ဒါပေမယ့် အခုတော့ သက်သာနေပါပြီ။ ဆေးစားဆေးသောက်လုပ်တယ်လေ။
သူငယ်ချင်းတို့ရေ ... မိုးရာသီတခုကုန်လွန်လို့ ဆောင်းအစကိုကူးဝင်နေပြီနော်၊ နောက်ပြီးတော့ သတင်းလည်း ကျွတ်ပြီးပြီနော့ လူလွတ်များ (အထူးသဖြင့် အတွဲများ) ကနေသတင်းကောင်းကြားချင်နေပြီ။ ရှိရင်ပြောကြပါ။
ခင်မင်စွာ
သူငယ်ချင်းတို့ရေ ... မိုးရာသီတခုကုန်လွန်လို့ ဆောင်းအစကိုကူးဝင်နေပြီနော်၊ နောက်ပြီးတော့ သတင်းလည်း ကျွတ်ပြီးပြီနော့ လူလွတ်များ (အထူးသဖြင့် အတွဲများ) ကနေသတင်းကောင်းကြားချင်နေပြီ။ ရှိရင်ပြောကြပါ။
ခင်မင်စွာ


သနားစရာလေးပဲကွယ်
ReplyDeleteပို့စ်လေး ဖတ်ပြီး ပြုံးသွားတယ် :)
ReplyDeleteနေကောင်းသွားပြီလားဗျို. . . . ၀ါကျွတ်တော. သတင်းလေးတွေ
ReplyDeleteကြားချင်ပြီဆိုတော. မကြီးရော ဘယ်တော့ ကျွေးမှာတုန်းဗျ :D