ကျမတို့ဒေသမှာ အခု(တန်ဆောင်မုန်း)လအတွင်းမှာ ကထိန်ခင်းပွဲတွေများ လှပါတယ်။ ကျမတို့ပါတဲ့ပွဲကြီးတွေ တောင်မှ ၄-၅ ပွဲဖြစ်နေပြီ၊ ပွဲတိုင်းလိုလို လူပေါင်းထောင်နဲ့ချီပြီးလာရောက်လှူဒါန်းကြတယ်။ ကျမတို့ဇနီးမောင်နှံ အနေနဲ့ပါဝင် လှူဒါန်းတဲ့ကထိန်ခင်းပွဲကတော့ ၅-၁၀-၀၉ နေ့မှာ နမ္မခင်း ကျေးရွာလူမှုကူညီရေးသင်းက ကြီးမှူးကျင်းပတုန်းကတစ်ခါ၊ ၁၁- ၁၀-၀၉ ဘန်မွမ်းဝါးတောကျောင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား များဦးစီးကျင်း ပတုန်းကတစ်ခါ၊ ၁၆-၁၀-၀၉ ဘန်မလွန်ကျောင်းတကာ၊ တကာမများဦးစီး ကျင်းပတုန်းကတစ်ခါ၊ ၂၄-၁၀-၀၉ ကူရဘူရီကျောင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဦးစီးကျင်းပတုန်းကတစ်ခါဖြစ်ပါတယ်။ အခုလာမယ့် ရှေ့ အပတ် ၃၁-၁၀-၀၉ ရက်နေ့မှာလည်း အခြားနေရာတခုမှာ ကထိန်သင်္ကန်း လှူကပ်ပွဲရှိသေးတယ်၊ သွားဖြစ်ဖို့များ နေပါတယ်။
လူဖြစ်ရတဲ့ဘ၀တစ်ခဏတာလေးမှာ ကောင်းမှုကုသိုလ်များများလုပ်နိုင်ဖို့၊ လုပ်တဲ့ကုသိုလ်တိုင်းမှာလည်း သဒ္ဓါတရားအပြည့်ရှိဖို့ကို အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ လူတိုင်းတတ်နိုင် သမျှကောင်းမှုကုသိုလ်များများလုပ် နိုင်ကြပါစေ၊ လုပ်တိုင်းလည်း သဒ္ဓါတရားပြည့်ဝကြပါစေ။

ဟုတ်တယ် မအိရေ.. အခွင့်သင့်တိုင်း ကိုယ့်အတွက် ပါတဲ့ ကုသိုလ်ဒါနကို လုပ်ရမှာပေါ့နော်။
ReplyDeleteyu ya
သာဓုခေါ်ပါတယ် အိအိရေ
ReplyDeleteမျက်မှန်လေးနဲ့ ချစ်စရာလေး :)
ကုသိုလ်ပုံရိပ်လေးတွေ လာကြည့်ပြီး ကြည်နူးသွားတယ်ဗျာ
ReplyDeleteတစ်ဘာသာတစ်ရွာတစ်ပုဒ်ဆန်းပေမယ့်လည်း အလှုရေးကတော့ အတူတူပါပဲဗျာ။
ReplyDelete