Tuesday, February 9, 2010

အိမ်နီးချင်း အလှယဉ်ကျေးမယ်ဆုရသူ


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငါခရိုင်၊ တကွာမြို့နယ်၊ ဘန်မွမ်းကျေးရွာဘုန်းကြီးကျောင်းအနှစ် ၁၆၂ ပြည့်ပဒေ သာပင်လှူဒါန်းခြင်း နှင့် ထိုင်းဘုရင်မင်းမြတ်၏ အသက်တော် ၈၃ နှစ်ပြည့်သောအထိမ်းအမှတ်ပွဲတော် တစ် ရပ်ကို ဖေဖာဝါရီလ ၁ - ၉ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ရဲ့ ၅-၆ ရက်နေ့ကိုတော့ ဒေသ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် အထူးအစီအစဉ်ဖြစ်သော အိမ်နီးချင်းအလှယဉ် ကျေးမယ်ပြိုင်ပွဲ နှင့် ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်ကျင်းပရန် ဘုန်းကြီးကျောင်းဝေယျာဝစ္စကော်မတီက ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ဒေသအတွင်းရှိ NGO များနှင့် ဒေသခံမြန်မာရွှေ့ပြောင်း အလုပ်သမားများပူးပေါင်း ကာ အထက်ဖော်ပြပါအစီအစဉ်များကို ဖြစ်မြောက်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

အိမ်နီးချင်းအလှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ပထမဆုကိုခူးဆွတ်သွားသူကတော့ `မခင်မြတ်မွန်´ ကိုယ်နံပါတ် (၂) ဖြစ်ပြီး ဒီပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ဖို့အတွက် နမ္မခင်းကျေးရွာရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများကူညီရေး အသင်းမှ ပံ့ပိုးကူညီပေးခဲ့ပါတယ်။

အိမ်နီးချင်းအလှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဒုတိယဆုကိုခူးဆွတ်သွားသူကတော့ `မနှင်းနှင်းမွန်´ ကိုယ်နံပါတ် (၃) ဖြစ်ပြီး ဒီပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် နမ္မခင်းကျေးရွာရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများကူညီရေး အသင်းမှ ပံ့ပိုးကူညီပေးခဲ့ပါတယ်။

အိမ်နီးချင်းအလှယဉ်ကျေးမယ်ပြိုင်ပွဲမှာ တတိယ နှင့် နှစ်သိမ့်ဆုကိုခူးဆွတ်သွားသူကတော့ `မဇင်မာ´ ကိုယ်နံ ပါတ် (၉) ဖြစ်ပြီး ဒီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘန်မွမ်းကျေးရွာရှိ ဟင်းသီးဟင်းရွက်ရောင်းဆိုင်ရှင်မှ ပံ့ပိုးကူညီပေးခဲ့ပါတယ်။  


1 comment:

  1. ဒီပွဲကိုအရမ်းကြိုက်နှစ်သက်ပါတယ်။ တရားမျှတပြီး ပျော်ဖို့လည်းကောင်းတယ်

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်