Tuesday, February 23, 2010

တခါတုန်းက ဆောင်းကာလ

ချမ်းအေးတဲ့ ဆောင်းရာသီလေးရောက်တိုင်း တို့တောရွာကလေးကို သိပ်သတိရမိတယ်။ ရာသီအလိုက်အေး ချမ်းသာယာစိုပြေခြင်းနဲ့ပြည့်စုံပြီး ရွာသူရွာသားအားလုံးကလည်း အေးအေးဆေးဆေးလုပ်ကိုင်စားသောက်ခဲ့ ကြပုံများကို အမြဲအမှတ်ရနေမိတယ် ........။ 

ဆောင်းတွင်းကာလရောက်လာတိုင်း ရွာရိုးတစ်လျှောက်ရှိအိမ်တိုင်းရဲ့အရှေ့မှာ မနက်အာရုဏ်ဦးတာနဲ့ မီးပုံ များပုံကြပြီး ကလေးများဖြင့်စောစောစီးစီးစည်းကားနေခဲ့ကြတယ်။ အဲဒီအချိန်လေးမှာ ညကကျန်တဲ့ထမင်း ကြမ်းခဲတွေဖုတ်စားကြ၊ ပြောင်းဖူးတွေဖုတ်စားကြနဲ့ သိပ်ပျော်ဖို့ကောင်းခဲ့တယ် ....... ။

ဆောင်းရာသီရဲ့ချမ်းအေးလွန်းတဲ့ဒဏ်ကြောင့် လူတိုင်းအသားပက်ပြီး အနာဒဏ်ရာတွေကလည်း ဆောင်းကာ လတခုလုံးထဲမှာ မပျောက်ကင်းနိုင်ခဲ့ကြဘူး။ အသားလိမ်းဆီဆိုတာ ဘာမှန်းမသိတဲ့ဘ၀လို့ပြောရင် ရယ်စရာ ဖြစ်နေမယ်ထင်တယ် ...... ။ ရေးမိုးချိုးရင်လည်း ချေးစင်အောင်မချိုးကြဘူး၊ ချမ်းလွန်းလို့ ....... ရေဖလားနဲ့ သုံး လေးငါးခွက်ကောက်လောင်းပြီးတာနဲ့ စမ်းချောင်းဘက်ကတက်ပြေးတော့တာပဲ ......... ။

ညဘက်အိပ်ယာဝင်ရင် အိမ်အောက်မှာ ထင်းတုံးကြီးတွေနဲ့မီးပုံထားရတယ်။ ဒါဆို တစ်ညလုံးနွေးနွေးထွေး ထွေးအိပ်ရတာပေါ့။ ဆောင်းကာလရဲ့ဝသီအတိုင်းပေါ့ ..... ညညဆိုရင် အပေါ့အပါးသွားရတာသိပ်စိတ်ညစ်မိခဲ့ တယ်၊ တစ်ခါအိမ်အောက်ဆင်းပြီးပြန်တက်လာတိုင်း နွေးနေတဲ့ခြေဖျားလေးတွေဟာ ပြန်ပြီးအေးစက်သွား တော့တာပဲ။ ပြန်နွေးအောင် မောင်နှမတွေရဲ့ပေါင်ကြားအတင်းလိုက်တိုးရတော့တယ်။ အဲဒီအခါကျရင် ကိုယ် က တံတောင်နဲ့အထောင်းခံရတော့တာပေါ့ .........။

2 comments:

  1. ဟုတ်တယ်ဗျ...
    ကျွန်တော်ဆို ဆောင်းကို အရမ်းနှစ်သက်တာ...
    ဒီမှက ဆောင်းကာလလုံးဝမရှိတော့ ဆောင်းကိုလွမ်းရတယ်ဗျာ...(ဆောင်းရာသီပြောတာနော်)

    ReplyDelete
  2. အညာဆောင်းက စိမ့်စိမ့်ပြီး အေးတာကို မှတ်မိနေသေးတယ်...
    ပေလမ်းထွက်ပြီး ရေနွေးကြမ်းသောက်ရင်း.. ဗူးသီးကြော်နဲ့ ကောက်ညှင်းပေါင်းလွေးရတဲ့ အရသာကို ခုထိ သတိရနေတုန်း...

းဝ)

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်