Tuesday, March 2, 2010

အဖျက်သမားအလိုမရှိပါ

ကျမရဲ့ဘလော့ဟာ ကိုယ့်အတွေ့အကြုံ၊ အယူအဆ၊ အတွေးအခေါ် နှင့် ငယ်စဉ်ဘ၀ဖြတ်သန်းခဲ့ရတဲ့အမှတ် တရများနဲ့ပတ်သက်ပြီး ရေးသားတင်ပြလေ့ရှိပါတယ်။ ကျမရေးသားတဲ့အကြောင်းအရာများနဲ့ပတ်သက်ပြီး ဒီ ဘလော့ကိုလာရောက်လည်ပတ်သူတိုင်းက ကြိုက်တာဖြစ်စေ၊ မကြိုက်တာဖြစ်စေ၊ သူ့အကြောင်းအရာနဲ့သူ ညီအောင် မှတ်ချက်လေးတွေပေးသွားကြပါတယ်။ ပြီးတော့ ဘလော့ညီအစ်ကိုမောင်နှမစိတ်ထားမြို့နဲ့ကျီစယ် ကြတာမျိုးလည်းရှိကောင်းရှိခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျမအနေနဲ့ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်မိပါ တယ်။ အားလုံးကိုလည်း တကယ်လေးစားပါတယ်။

ဒါပေမယ့် ကျမဘလော့ထဲဝင်လာပြီး ယုတ်မာရိုင်းစိုင်းတာတွေလာရေးသွားတဲ့လူ၊ မကောင်းကြံတဲ့လူ၊ စိတ်နှ လုံးကောင်းမရှိတဲ့လူတွေဖြစ်တဲ့ အဖျက်သမားများကို ကျမအနေနဲ့လုံးဝအလိုမရှိဘူး။ သူများတွေအေးဆေးစွာ ရေးသားတင်ပြချက်များကို မကျေနပ်တာရှိရင်လည်း အကျိုးအကြောင်းစီလျော်အောင်တင်ပြီး ဆွေးနွေးခွင့် ပေးပါတယ်။ သူတပါးသိက္ခာကျစေတဲ့အရေးအသားမျိုးကိုလည်း ကျမတို့အနေနဲ့မပြုလုပ်မိစေအောင်လည်း အမြဲသတိထားပါတယ်။ ဒါကြောင့်မို့ ကျမတို့ဘက်ကိုလည်း သိက္ခာပိုင်းဆိုင်ရာထိခိုက်စေနိုင်တဲ့အရေးအသား အကြံအဆတွေနဲ့ မဖျက်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။ 


No comments:

Post a Comment

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်