Thursday, March 4, 2010

မွေးနေ့မှာ ပျော်ရွှင်ပါစေ

5 March 2010 ... နေ့ဟာ ကျမရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရောက်တိုင်း ပထမဦးဆုံးအနေနဲ့ ကျမရဲ့ မိဘနှစ်ပါးကို အဝေးကနေစိတ်ထဲက ကန်တော့လိုက်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကျမရဲ့ခင်ပွန်း သည်ကို စိတ်ထဲကနေကန်တော့လိုက်ပါတယ်။ လူတိုင်းအတွက် ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ခြင်း၊ လိုအင်ဆန္ဒများပြည့်ဝခြင်းတို့ကို အဓိကဆုတောင်းကြတယ်၊ ဆုမွန်ကောင်းပို့သကြလေ့ ရှိတယ်။ ကျမအတွက်လည်း ဒီအတိုင်းပါပဲလေ ....။ 

လူ့လောကထဲရောက်တာ အခုဆိုရင် ၂၇ နှစ်တောင်ရှိသွားပြီ၊ လောကကောင်းကျိုး၊ အများသူကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးစတာတွေကို တချို့တ၀က်တော့လုပ်ခဲ့ပါပြီ ... ဆက်လက်ပြီးအသက်ရှင်နေသရွေ့ အဲဒီလို ... ဒါမှမဟုတ် အဲဒီထက်ပိုမိုကောင်းမွန်တဲ့ ကောင်းကျိုးများကို ဆက်လက်ပြီးဆောင်ရွက်သွားရအုံးမယ်။ လူ့ဘ၀ ဟာရခဲပါတယ်၊ ရခဲတဲ့လူ့ဘ၀မှာလည်း အတိတ်ကကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့အကျိုးတွေကို ဒီဘ၀မှာ ၀ဋ်ကြွေးပြန်လည်ဆပ်နေကြရပါတယ်။ ပြီးတော့ နောင်သံသရာဝဋ်ကြွေးထက်ပြီးမဆပ်ရလေအောင် ဒီဘ၀ မှာ ကောင်းမှုကုသိုလ်များကို သဒ္ဒါစိတ်ဖြင့် လုပ်နိုင်အောင်ကြိုးစားရအုံးမယ်။

ကျမမွေးနေ့တိုင်းမှာ ကြီးကြီးကျယ်ကျယ်မွေးနေ့ပွဲကျင်းပခဲ့တာမရှိခဲ့ပါဘူး။ တော်ရုံသင့်ရုံပဲ သူငယ်ချင်း၊ မိတ် ဆွေအပေါင်းအသင်းတို့ကိုကျွေးမွေးတာကလွဲရင် ကလေးငယ်လေးတွေကိုအစားအသောက်လှူတန်းတာပဲ လုပ်နိုင်ခဲ့တယ်။ ဒါကိုလည်း ကျမအနေနဲ့အလွန်ကြည်နူးမိခဲ့ပါတယ်။ ဒီလောက်ဆိုရင် ကျမအတွက်ပျော်ရွှင်မှု တွေရနိုင်ပါပြီ။

မွေးနေ့ရောက်တိုင်း လူတိုင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ ... ကျမလည်းပျော်ရွှင်ချမ်းမြေ့ပါစေ ..... 

2 comments:

  1. ၂၇ နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ...
    နောက်လာမယ့် နှစ်ပေါင်းများစွာမှာ မိမိချစ်သော ခင်ပွန်း၊ မိသားစုနဲ့ အတူတကွ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...

    မွေးနေ့ ဆုတောင်းကို နောက်ကျမှ ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါဗျာ...

    ခင်တဲ့
    ညရဲ့ကောင်းကင်

    ReplyDelete
  2. မွေးနေ့ဆုတောင်းအတွက် အထူးကျေးဇူးတင်ပါတယ် ကိုညရဲ့ကောင်းကင် . ... နောက်ကျပေမယ့်လည်း ခင်မင်မှုနဲ့ လာရောက်ရေးသွားတာကိုပဲ ကျေ နပ်မိပါတယ်

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်