သင်္ကြန်အခါတော်ရောက်ခါနီးတိုင်း အတိတ်ကနေ့ရက်လေးတွေကို သိပ်လွမ်းမိတယ်။ မိုးအငွေ့အသက်တို့က စိတ်ကိုဟိုးအဝေးဆီးကိုထွက်ပြေးချင်အောင် နှိုးဆွနေသလိုပဲ ...
ပူအိုက်လွန်းတဲ့နေ့ရက်တွေမှာ မိုးကိုမျှော်ရတဲ့စိတ်တွေမောရတာလည်း အတိတ်ရဲ့နေ့ရက်တွေဆီကိုရောက် ရောက်သွားတတ်တာပဲ ...
ဒီအချိန်ဆိုရင် နေပူဒဏ်ကြောင့်ခြောက်ကပ်ပြီး လောင်မြိုက်တော့မတတ်ဖြစ်နေတဲ့ တောင်တန်းကြီးနဲ့ အင်း အိုင်တို့ဟာ မိုးအလာကိုမျှော်နေတော့မှာပဲ ...
ကိုယ်မရှိတော့ ကိုယ့်ရဲ့တောရွာလေးဟာ ကိုယ့်ကိုသတိရနေရဲ့လားလို့လည်း တွေးမိတယ် ... ကိုယ်ကတော့ အဲဒီတောရွာကလေးကို အမြဲတမ်းသတိရနေတာ ဟောဒီစာနဲ့အခြားစာတိုင်းဖတ်မိတဲ့လူတိုင်းက အသိဆုံးပါ ပဲလေ ...
No comments:
Post a Comment
မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်